29 C
Yangon

မင်းတပ်နှင့် ယင်းမာပင် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ Gyrocopter တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်ဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ် ၂ အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

နိုဝင်ဘာ ၂၅ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်နှင့် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက မင်းတပ်မြို့နယ် တိုက်နယ် ၂ အတွင်းရှိ ကျေးရွာ ၁ ရွာအနီးကို ဗုံး ၄လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ ကျေးရွာအတွင်းရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်ကလည်း တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက မင်းတပ်မြို့အနောက်ခြမ်းတနေရာကို လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ နမခ မှ တက်လာသော Gyrocopter ၃ စီးက ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်တာတော့ မရှိပါဘူး။ စစ်ခွေးတွေ လေကြောင်းတိုက်ခိုက်တာက လယ်ကွင်းတွေထဲကိုပဲ ဗုံးတွေကျတယ်။ ထိခိုက်ဒဏ်ရာရတာကော ပျက်စီးဆုံးရှုံးတာကော မရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – မင်းတပ်မြို့ကို အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပျက်စီးသွားသော နေအိမ်များ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article