30 C
Yangon

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို နိုင်ငံပေါင်း ၉ ခုမှ လွှတ်တော်အမတ် ၁၆၃ ဦးက ရှုတ်ချလိုက်ပြီး နိုင်ငံတကာအနေဖြင့်လည်း စစ်တပ်၏ ရွေးကောက်ပွဲကို ငြင်းပယ်ရန် တောင်းဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို နိုင်ငံပေါင်း ၉ ခုမှ လွှတ်တော်အမတ် ၁၆၃ ဦးက ရှုတ်ချလိုက်ပြီး နိုင်ငံတကာအနေဖြင့်လည်း စစ်တပ်၏ ရွေးကောက်ပွဲကို ငြင်းပယ်ရန် တောင်းဆိုလိုက်ကြောင်း နယူးဇီလန် အတိုက်အခံ လေဘာပါတီ လွှတ်တော်အမတ် Phil Twyford က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

နယူးဇီလန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား၊ သြစတြေးလျ၊ အရှေ့တီမော၊ အင်ဒိုနီးရှားနှင့် ယူနိုက်တက်ကင်းဒမ်း စစုပေါင်း နိုင်ငံ ၉ ခုမှ ဥပဒေပြု လွှတ်တော်အမတ်ပေါင်း ၁၆၃ ဦးက မြန်မာစစ်တပ်၏ စီစဉ်ထားသော ရွေးကောက်ပွဲကို အတုအယောင်အဖြစ် ရှုတ်ချခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယင်းရွေးကောက်ပွဲကို ငြင်းပယ်ရန် တောင်းဆိုလိုက်ကြသည်။

စစ်တပ်၏ ရွေးကောက်ပွဲမှာ မည်သည့်နည်းနှင့်မျှ လွတ်လပ်ပြီး တရားမျှတသည်ဟု မယူဆနိုင်ဘဲ တရားဝင်မှုလည်း မရှိကြောင်း လွှတ်တော်အမတ်များက ဆိုသည်။

ရွေးကောက်ပွဲမှာ မြန်မာပြည်သူများအပေါ် စစ်ဆင်နွှဲနေသော တရားမဝင်စစ်တပ်ကို ပြန်လည်ပုံဖော်ရန် ကြိုးပမ်းမှုတစ်ခုသာဖြစ်သည်ကြောင်း လွှတ်တော်အမတ်များက ထုတ်ဖော်ပြောဆိုထားသည်။

နိုင်ငံတကာသို့လည်း လွှတ်တော်အမတ်များက “အတုအယောင် မြန်မာရွေးကောက်ပွဲအတွက် လွှတ်တော်အမတ်များ၏ အိတ်ဖွင့်ပေးစာ” ခေါင်းစဉ်ဖြင့် ပေးစာ ပေးပို့ခဲ့ပြီး ရွေးကောက်ပွဲမတိုင်ခင် မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြင့် လုပ်ဆောင်နေသည့် အတွက် ရွေးကောက်ပွဲအပြီးတွင်လည်း တိုင်းပြည် တည်ငြိမ် အေးချမ်းမည်မဟုတ်ကြောင်း၊ အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများသာ ပိုမိုများပြားလာမည်ဖြစ်ကြောင်း သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article