21 C
Yangon

BREAKING NEWS-စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်၍ AA တပ်ဖွဲ့ဝင်များ ကျဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၄ ရက်

မြန်မာ-ထိုင်း နယ်စပ်ရှိ ရက္ခိုင့်တပ်တော်၏ AA ၏ တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာရရှိမှုရှိခဲ့ပြီး ဆေးရုံဆေးခန်း၊ စက်ချုပ်စက်ရုံ အပါအဝင် အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ရက္ခိုင့်တပ်တော်ဖက်က ထုတ်ပြန်လိုက်သည်။

ဇူလိုင်လ ၄ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် မြန်မာ-ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ (၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော် AA ၏ တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၎င်းစခန်းအနီး ပတ်ဝန်းကျင်ရှိ AA တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းအပြင် ၎င်းစခန်းအတွင်းရှိ ဆေးရုံ၊ ဆေးခန်း၊ စက်ချုပ်စက်ရုံအပါအဝင် အဆောက်အအုံအချို့ ပျက်စီး ဆုံးရှုံးခဲ့ပြီး စစ်ကောင်စီ၏ အဆိုပါ ဂျက်တိုက်လေယာဉ် ၂ စီးသည် နယ်စပ်အနီးရှိ မိမိတို့၏တပ်စခန်းအား မြန်မာဖက်(ကရင်ပြည်ထဲ)မှ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိုင်းနိုင်ငံလေပိုင်နက်အတွင်းသို့ ဝင်ရောက်သွား ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article