21 C
Yangon

မော်လမြိုင်တွင် တောင်၀ိုင်းတော် ဖြိုချမှုအပေါ် ဝေဖန်သည့် သာသနာနွယ်ဖောင် ဒေးရှင်း ဆရာတော် အရှင်စန္ဒဇောတိကို စစ်တပ်က လူဝတ်လဲပြီး ညှဉ်း ပန်းနှိပ်စက်၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ကဖြင့် ဖမ်းဆီးအမှုဖွင့်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် တောင်၀ိုင်းတော် ဖြိုချမှုအပေါ် ဝေဖန်ခဲ့သည့် သာသနာနွယ်ဖောင် ဒေးရှင်း ဆရာတော် အရှင်စန္ဒဇောတိကို လူဝတ်လဲပြီး ညှဉ်းပန်းနှိပ်စက်မှုများရှိနေကြောင်း ဆရာတော်၏ ဒကာ၊ ဒကာမတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် တောင်ဝိုင်းတောင်ကို စစ်တပ်က ဖြိုချနေမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သည့် ပို့စ်များ တင်ခဲ့မှုဖြင့် စစ်တပ်က သာသ နာ နွယ်ဖောင် ဒေးရှင်း ဆရာတော် အရှင်စန္ဒဇောတိကို နိုင်ငံတော်အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅-ကဖြင့် ဖမ်းဆီးလူဝတ်လဲ အမှုဖွင့်ထားပြီး ဆရာတော်၏ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တောင် ဝိုင်း ရပ်၊ ဇေတဝန်ကျောင်းတိုက်ကိုလည်း စစ်တပ်က ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ဆရာတော်ကို အမှုဖွင့်ဖမ်းခိုင်းတာက မွန်ပြည်နယ်အစိုးရ၊ လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က ဖမ်းခိုင်းတာလို့ သိရတယ်။ ဆရာတော်ကို လူဝတ်လဲပြီးတော့ သံဃာတော်တစ်ပါးအနေနဲ့ မလျှော်ညီတာတွေ စစ်တပ်က လုပ်ဆောင်ခိုင်းတယ်။ အဲဒါကလည်း ညှဉ်းပန်းနှိပ်စက်မှု တစ်မျိုးပဲ။ ဆရာတော်ရဲ့ အခြေအနေကလည်း နေထိုင်ရေးနဲ့ ဆွမ်းကိစ္စတွေ အဆင်မပြေဘူးလို့ သိရတော့ စိုးရိမ်ရတယ်” ဟု ဆရာတော်၏ ဒကာရင်းတစ်ဦးက ပြောဆိုသည်။

စစ်တပ်က တောင်၀ိုင်းတောင်ကို မြေတူးစက်များ၊ စက်ယန္တရားကြီးများဖြင့် ဖြိုချခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဖြိုချမှုအပေါ် ဆရာတော်က မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်အဖြစ် လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်ရေးသားခဲ့ခြင်းဖြစ်သည်။

ဆရာတော်ကို ဖမ်းဆီးသွားပြီးနောက် ဆရာတော်၏ ကျောင်းတိုက်ဖြစ်သော မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တောင် ဝိုင်း ရပ်၊ ဇေတဝန်ကျောင်းတိုက်ကိုလည်း စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ထိန်းချုပ်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article