29 C
Yangon

ပခုက္ကူခရိုင် အခြေစိုက် Local PDF ၇ ဖွဲ့က အညာမြေတပ်ပေါင်းစု ဖွဲ့စည်းလိုက်ပြီး အကြမ်းဖက် စစ်တပ်ကို စစ်ရေး အရှိန်မြှင့် တိုက်ခိုက်မည်ဟု ကြေညာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

မကွေးတိုင်း၊ ပခုက္ကူခရိုင် အခြေစိုက် Local PDF ၇ ဖွဲ့က အညာမြေတပ်ပေါင်းစု အဖြစ် ဖွဲ့စည်းလိုက်ပြီး အကြမ်းဖက် စစ်တပ်ကို စစ်ရေး အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ကလည်း ပခုက္ကူခရိုင် အခြေစိုက် M.U.G.D.F တပ်ဖွဲ့၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့၊ JAMESBOND တပ်ဖွဲ့၊ TSDNGF တပ်ဖွဲ့ နှင့် ဒို့ညီနောင်ပြောက်ကျား တပ်ဖွဲ့ ၅ ခု ပူးပေါင်းပြီး အညာမြေတပ်ပေါင်းစု အဖြစ်လည်း ဖွဲ့စည်းထားကြောင်း သိရှိရသည်။

ထို အညာမြေတပ်ပေါင်းစုထံသို့ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပခုက္ကူခရိုင် အခြေစိုက် GOD OF MYAING တပ်ဖွဲ့နှင့် EAGLE FIGHTER တပ်ဖွဲ့တို့သည် အညာမြေတပ်ပေါင်းစုထိသို့ ထပ်မံ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကြေညာသည့်နေ့မှစ၍ အာဏာရှင်ကျဆုံးသည်နေ့ရက်အထိ အတည်ဖြစ်ပြီး စစ်ရေးအရှိန်များကို ယခင်ထက်ပို၍ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကြေညာချက်တွင် ရဲဘော်များ၊ တပ်ဖွဲ့ဝင်များ၏ စောင့်သိရသော သစ္စာအဓိဌာန်များပါဝင်ပြီး မဟာမိတ်များအချင်းချင်းကြား စောင့်သိရသော လိုက်နာရသော မျှဝေရသော ချစ်ကြည်မှုများလည်း ပါဝင်ကြောင်း သိရှိရသည်။

အညာမြေတပ်ပေါင်းစုတွင် ပါဝင်သော တပ်ဖွဲ့ဝင်များ အားလုံးသည် ဖက်ဒရယ်အတွက် ဦးလည်မသုန်တာဝန်ထမ်းရွက်ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်အတွက် တိုက်ပွဲဝင်နေသော မည်သည့်အဖွဲ့အစည်းနှင့်မဆို ခိုင်မာသော ဆက်ဆံရေးကိုတည်ဆောက်၍ အာဏာရှင်ကို တွန်းလှန်ကြမည်ဖြစ်ကြောင်း ကြောညာချက်တွင် ဖော်ပြထားသည်။

“အခုလို ပေါင်းစပ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ပိုမိုထိရောက်တဲ့ မစ်ရှင်တွေဖော်ဆောင်ဖို့ ရန်သူကို ညီညွတ်စွာ တုန့်ပြန်နိုင်ဖို့နဲ့ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား ပိုပြီးညီညွတ်စေရန် ပြီးတော့ ကျွန်တော်တို့ ဒီတော်လှန်ရေးမှာ ဒီ‌လိုပေါင်းစည်းပြီး အပြန်အလှန် ထိန်းကြောင်းရင်း ဖက်ဒရယ်ကို အရောက်သွားနိုင်ဖို့ အခုလို ပေါင်းစည်းကြတာပါ” ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။

အညာမြေတပ်ပေါင်းစုတွင် စစ်ရေးတာဝန်ခံ အဖြစ် ကိုဘုတ်ကြီး၊ မြေပြင်တာဝန်ခံအဖြစ် ကိုဘဦး၊ Drone Team တာဝန်ခံ အဖြစ်ဆရာကျောင်း၊ ကိုအီးဂဲလ်၊ ဘဏ္ဍာရေးတာဝန်ခံအဖြစ် ကိုသစ္စာ ၊ လက်နက်ခဲယမ်းထိန်းသိမ်းရေးတာဝန်ခံအဖြစ် ကိုမင်းသူနှင့် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံအဖြစ် ကိုဘိုဘိုသန့်ဇင် တို့က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article