28 C
Yangon

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၁၁ ခုမှ နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူ ၂၆၈ ဦးကို စစ်တပ်ပြန်လွှတ်ပေးသော်လည်း လွတ်မြောက်သူအများစုမှာ လွတ်ရက်ပြည့်ခါနီးသူများဖြစ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

မြန်မာနိုင်ငံရှိ အကျဉ်းထောင် ၁၁ ခုမှ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၂၆၈ ဦး ဒီဇင်ဘာလ ၁ ရက်နေ့တွင် လွတ်မြောက်သည်ကို ကနဦး အတည်ပြုနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ဗဟို ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

သရက်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ကျား ၄ ဦး၊ ကလေးအကျဉ်းထောင်မှ ကျား ၉ ဦးနှင့် မ ၂ ဦး ၊ ဒိုက်ဦးအကျဉ်းထောင်မှ ကျား ၄၈ ဦးနှင့် မ ၂ ဦး၊ အိုးဘိုအကျဉ်းထောင်မှ ကျား ၄၂ ဦး ၊ ရမည်းသင်းအကျဉ်းထောင်မှ မ ၃ ဦး၊ သာယာဝတီအကျဉ်းထောင်မှ ကျား ၇၇ ဦးနှင့် မ ၆ ဦး၊ ထားဝယ်အကျဉ်းထောင်မှ ကျား ၁၀ ဦးနှင့် မ ၃ ဦး၊ ပြည်အကျဉ်းထောင်မှ ကျား ၄ ဦး၊ မကွေးအကျဉ်းထောင်မှ ကျား၂ ဦး၊ မြင်းခြံအကျဉ်းထောင်မှ ကျား/မပေါင်း ၂၄ ဦး ၊ အင်းစိန်အကျဉ်းထောင်မှ ကျား ၃၀ ဦးနှင့် မ ၂ ဦးတို့လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။

“လက်ရှိ ဒီဇင်ဘာ ၁ ရက်နေ့မှာ နိုင်ငံရေးပုဒ်မတွေနဲ့ ၅၂ လိုမျိုး ပုဒ်မချခံထားရတဲ့ လူတွေလည်း ပြန်လွတ်လာတာ တွေ့ရပါတယ်။ အထူး သဖြင့် လွတ်ဖို့အားဖြင့် လပိုင်းအလိုနီးတဲ့ လူတွေ အဓိက လွတ်လာတာ တွေ့ရတယ်။ ဒါကလည်း အကျဉ်းထောင်ထဲမှာ ၂ နှစ်ကျော်လောက်အထိ ထောင်ကာလတစ်ခု အထိ ကြာမြင့်တဲ့ လူတွေ၊ အဲဒီလူတွေကလည်း လွတ်ဖို့အတွက် ကြာမြင့်တဲ့ လူတွေ တစ်ခါထဲပဲ ရွေးကောက်ပွဲကို အကြောင်းပြရင်း လွှတ်ပေးနေတဲ့ သဘောမျိုးလို့ တွေ့ရပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

သို့ရာတွင် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများအနေနှင့်လည်း လုံခြုံရေး အခြေ အနေကို သတိပြုကြရန်လိုအပ်ကြောင်းလည်း ကိုသိုက်ထွန်းဦးက ပြောကြားသည်။

“ဒါပေမဲ့ တချို့ လွတ်ပြီးမှ ပြန်အဖမ်းခံရတဲ့ အခြေအနေတွေလည်း ကြားနေရတာ ဖြစ်တဲ့အတွက် လက်ရှိလွတ်လာတဲ့ လူတွေလည်း လုံခြုံရေးအားဖြင့် လုံးဝ စိုးရိမ်ရတဲ့ အခြေအနေတော့ ဆက်ရှိနေဆဲဖြစ်ပါတယ်။ တချို့ပုဒ်မ ၁၇၊ ၁ လို ပုဒ်မတွေ ထောင်ဗူးဝမှာပဲ ပြန်အဖမ်းခံရတဲ့ အခြေအနေတွေ ၊ လွတ်ငြိမ်းထဲမှာ ပါလာပြီး ပြန်အဖမ်းခံရတာတွေ တွေ့နေရတယ်။ အဓိက ပြောလိုတာက နိုင်ငံရေးပုဒ်မအားလုံး၊ နိုင်ငံရေးအကျဉ်းသား အားလုံး သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့ လိုအပ်တယ်လို့ ထပ်ပြီးမှ ပြောချင်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ- ယမန်နှစ် အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသော အကျဉ်းသားများ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article