ဒီကနေ့ ဒီဇင်ဘာ ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် မင်းအောင်လှိုင်က သူ့လက်အောက်ခံ Non-CDM ဝန်ထမ်းတွေကို သူတို့လုပ်မယ့် ရွေးကောက်ပွဲ အတုကြီးမှာ စစ်တပ်နဲ့ သဟဇာတဖြစ်အောင် လက်တွဲဆောင်ရွက်နိုင်သူတွေကိုပဲ မဲပေး ရွေးချယ်ဖို့ ပေါ်ပေါ် ထင်ထင်ကြီးကို ဖိအားပေး ပြောဆိုလာပြန်တယ်လို့ သိရပါတယ်။
-မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ကို အကြမ်းဖက် စစ်တပ်ဆီ ပြန်ပေးလိုက်ရမှုကြောင့် နစ်နာသူတွေကို တောင်းပန်ပေမယ့် ဆဲဆိုသူတွေအနေနဲ့ နားနားပြီး ဆဲကြဖို့နဲ့ မိုးကုတ်မြို့ကို ပြန်လည်သိမ်းယူမှုမြင်တွေ့လိုတယ်လို့ TNLA ဗိုလ်ချုပ် တာဘုန်းကျော်က သူ့ရဲ့လူမှုကွန်ယက်နေတဆင့် ပြောဆိုလိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ်က ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထဲကနေ မြန်မာ ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ထိုင်းနိုင်ငံဘက်အခြမ်းမှာ ကျရောက်ပြီး အသက် ၆၇ နှစ် ထိုင်းနိုင်ငံသူ ၁ ဦး ထိခိုက်ဒဏ်ရာရထားတဲ့အတွက် မြန်မာဘက်ကို ထိုင်းစစ်တပ်က တရားဝင်ကန့်ကွက်စွာ ပေးပို့ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




