28 C
Yangon

မြိုင်နှင့် ပခုက္ကူ မြို့နယ်အစပ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး ၁ ဦး အရှင်ဖမ်းမိကာ ခဲယမ်းတချို့ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး ၁ ဦး အရှင်ဖမ်းမိကာ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း Earthquake People’s Defence Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂ ရက်နေ့တွင် မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ် အစပ်ကို စစ်ကြောင်းထိုးလာသော တပ်မ ၉၉ မှ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများပူးပေါင်းထားသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်းတနေရာတွင်ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး ထိခိုက် ဒဏ်ရာရထားသော စစ်သား ၁ ဦး ကို အရှင် ဖမ်းမိကာ လက်နက်ကြီးကျည်တချို့နှင့် ခဲယမ်း တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“မြိုင်နယ်နဲ့ ပခုက္ကူနယ်ကို အခုစစ်ကြောင်းထိုးနေတဲ့ တပ်မ ၉၉ စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်တာပါ။ စစ်ကြောင်းက မပြီးသေးဘူး။ ထိခိုက်သေဆုံးမှုကတော့ များတယ်။ သေချာတော့မသိရသေးဘူး။ တစ်ယောက်အရှင်မိတယ်။ လက်နက်ခဲယမ်းတွေက အဲဒီဖမ်းမိတဲ့သူရဲ့ အနီးက ရတာပါ” ဟု Earthquake People’s Defence Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Earthquake People’s Defence Force ၊ ပခုက္ကူခရိုင် Local တပ်ရင်း ၁ (PDLB) ၊ MGY PDF ၊ Kanma Underground Force (ကမ္မတပ်ပေါင်းစု) နှင့်မြိုင်ပကဖတို့ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရ သည်။

ပခုက္ကူမြို့နယ်နှင့်မြိုင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားနေသည့် အပြင် လေကြောင်းမှလည်း ပြည်သူလူထုကို ပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိနှင့် လေကြောင်းရန်ကိုလည်း သတိရှိရှိနေထိုင်ပေးကြရန် Earthquake People’s Defence Force က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article