25 C
Yangon

ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲ ဆန့်ကျင်ရေး Billboard များ လိုက်ထောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြုလုပ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲ ဆန့်ကျင်ရေး Billboard များ လိုက်ထောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြုလုပ်ခဲ့ကြောင်း ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီက ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဆာလင်းကြီးမြို့နယ် သပိတ်အင်အားစုနှင့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နယ်မြေတာဝန်ခံများနှင့် အတူ ရွေးကောက်ပွဲ ဆန့်ကျင်ရေး Billboard လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့နှင့် ဇန်နဝါရီ ၁၁ ရက်နေ့တို့တွင် အပိုင်းလိုက်ကျင်းပမည့် အကြမ်းဖက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးနှင့် အတူ ဆားလင်းကြီးမြို့နယ်အတွင်း ပြည်သူလူထုက အလိုမရှိကြောင်း ဆန့်ကျင်ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်တပ်ဟာ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကို ဖန်တီးပြီး အရပ်သားအသွင်ပြောင်းလဲကာ စစ်အာဏာရှင်စနစ်အုပ်ချုပ်ရေးတစ်ခု အမြစ်တွယ်စေဖို့ စစ်တပ်က တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် ရာသက်ပန်ဓားမိုးအုပ်ချုပ်သွားဖို့ဆိုတဲ့ စစ်တပ်ကြီးစိုးတဲ့နိုင်ငံရေးမျိုးကို ပုံဖော်သွားဖို့ ဒီအတုအယောင်ရွေးကောက်ပွဲကို ကျင်းပရန် စိုင်းပြင်းနေချင်းလည်း ဖြစ်ပါတယ်။ စစ်တပ်ကထွက်ပေါက်လို့ယူဆထားပြီး ပြည်သူအတွက် ထောင်ချောက်သာ ဖြစ်ပါတယ်” ဟု ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲပြီးဆုံးသွားလည်း တော်လှန်ရေးသည် ရပ်တန့်သွားမည် မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံး စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article