ဒီကနေ့ ဒီဇင်ဘာ ၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မန္တလေး၊ ချမ်းအေးသာစံမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ဒေါက်တာတေဇာဆန်း ဦးဆောင် ဆန္ဒပြခဲ့တဲ့ စျေးတန်းနေရာကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်အမိန့်နဲ့ ဖျက်ဆီးခိုင်းပြီး ပြန်လာဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ မန္တလေးစည်ပင်သတင်းရပ်ကွက်က ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က တောင်ငူလေတပ်စခန်းဌာနချုပ်ရဲ့ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer တာဝါတိုင်ကို FPV ဒရုန်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ချောင်းနဲ့ နားရွက်တို့ကို ဖြတ်တောက်ခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




