31 C
Yangon

ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာကို စစ်တပ်က မီးရှို့ပြီး ပြည်သူပိုင်အဖိုးတန်ပစ္စည်းများကို လုယက် ခိုးယူသွား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာကို စစ်တပ်က မီးရှို့ပြီး ပြည် သူပိုင်အဖိုးတန်ပစ္စည်းများကို လုယက် ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီအချိန် ကျီကုန်းကျေးရွာအတွင်းသို့ ရောက်ရှိတပ်စွဲထားသော စစ်တပ်က ကျေးရွာအတွင်းမှ ပြည်သူပိုင် အဖိုး တန်ပစ္စည်းများကို လုယက်ခိုးယူကြောင်း၊ ယင်းနောက် ကျေးရွာအတွင်းရှိ နေ အိမ်များကို မီးတင်ရှို့ခဲ့ကြောင်း၊ ယင်းစစ်ကြောင်းမှာ ချောင်းဦးမြို့ပေါ်မှ နိုဝင် ဘာလ ၃၀ ရက်နေ့ကတည်းက စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။

“နိုဝင်ဘာ၃၀ရက် နေ့ ချောင်းဦးထွေ/အုပ်ရုံးကနေထွက်လာတဲ့ စစ်ကြောင်းပါ။ ကျနော်တို့ရွာထဲကို ၆ ရက်လောက် နေပြီးမှ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်းမှာ ရွာကိုမီးရှို့တာ။ မီးမရှို့ခင်ရွာထဲက အဖိုးတန်းပစ္စည်းတွေကို ဖောကား၂ စီးနဲ့ တင်ပြီး ခင်မွန်ရွာဘက်ကိုသယ်သွားကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြော ဆိုသည်။

စစ်တပ်က ကျီကုန်းကျေးရွာကို မီးတင်ရှို့ရာတွင် အရှေ့ရွာနှင့်အနောက်ရွာအ ကြား တစ်နေရာ၊ ကျီကုန်းကွက်သစ်ဘက်မှ တစ်နေရာ စုစုပေါင်း ၂ နေရာ မီး ရှို့သွားခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြငးမရှိဘဲ ကျေးရွာရှိ နေအိမ်များကို ဖျက်ဆီး မီးရှို့သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲကတော့မရှိဘူး။ သူတို့က အကြောင်းမဲ့ မီးရှို့တာ။ စစ်ဗျူဟာအရ စစ်ခေါ်နေတဲ့သဘော။ မနေ့မနက် ၁၀ နာရီလောက်ကတည်း ခင်မွန်ရွာနဲ့ ကျီကုန်းရွာသွားလမ်းမပေါ်မှာ ပြည်သူတွေကို သေနတ်ထောက်ပြီး ရှေ့ကနေ မိုင်းရှာခိုင်းတာတွေလုပ်တယ်။ လူသားဒိုင်းလုပ်တာ” ဟု ချောင်းဦးမြို့နယ်မှ LPDF ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ကျီကုန်းကျေးရွာ အပါအဝင် အနီးအနား ပတ်ဝန်းကျင်မှ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်နေရသည့် ရက်စုစုပေါင်း ၇ ရက်ရှိလာပြီဖြစ်ကြောင်း၊ ကျီကုန်းရွာအတွင်းတွင် စစ်တပ်က နောက်ချန် အင်အား တချို့ ကျန်ရှိနေသေးသောကြောင့် ပြည်သူများ နေရပ် မပြန်နိုင်သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article