22 C
Yangon

ထိုင်းနိုင်ငံနှင့် တောင်ကိုရီးယားတို့တွင် ကြိုတင်မဲ ထည့်မည့်သူ မရှိသလောက် နည်းပါး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

ထိုင်းနိုင်ငံနှင့် တောင်ကိုရီးယားတို့တွင် ကြိုတင်မဲ ထည့်မည့်သူ မရှိသလောက် နည်းပါးနေကြောင်း ထိုင်းနှင့်တောင်ကိုရီးယားရောက် မြန်မာ့အရေးလှုပ်ရှားသူများက ပြောဆိုကြသည်။

ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ ယနေ့ နံနက်ပိုင်းမှစတင်၍ ကြိုတင်မဲ ထည့်သွင်းနိုင်ကြောင်း စစ်တပ်သံရုံးက ဖိတ်ခေါ်ပြီး မဲရုံဖွင့်လှစ်ခဲ့ကြောင်း၊ သို့ရာတွင် စစ်တပ်သံရုံးနှင့်ဆက်နွယ်သူတချို့မှအပ မည်သူကမှ လာရောက် မဲထည့်ကြခြင်းမရှိကြောင်း သိရှိရသည်။

” သံရုံးထဲကို သူတို့နဲ့ အဆင်ပြေတဲ့ သူတချို့တော့ မဲသွားထည့်ကြတာတွေ့တယ်။ ဒါပေမယ့် သံရုံးအပြင် အတွင်းမှာ ကြိုတင်မဲထည့်မယ့်သူမရှိပါဘူး။ ဘန်ကောက်သံရုံးက ထိုင်းမီဒီယာတချို့ ကိုလည်း ခေါ်ထားတာတွေ့တယ်။ ဒါပေမယ့် လူကို မရှိတာ။ ထိုင်းမှာ မြန်မာအလုပ်သမား အင်အားက အနည်းဆုံး ၅ သန်းရှိတယ်။ တကယ်သာ မဲလာထည့်ရင် ဘန်ကောက်မြန်မာသံရုံးရှေ့လမ်းပေါ်မှာ လူတွေ ကြိတ်ကြိတ်တိုးသွားမှာ အခုက လူကိုမရှိတာ။ ဘယ်သူမှလည်း စိတ်မဝင်စားကြဘူး” ဟု ယနေ့ ဘန်ကောက်ရှိ မြန်မာစစ်တပ်သံရုံးရှိ ကြိုတင်မဲပေးမှုကို သွားရောက် ကြည့်ရှုခဲ့သော မြန်မာ့အရေးလှုပ်ရှားသူတစ်ဦးက ဆိုသည်။

အလးတူ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာစစ်တပ်သံရုံးတွင် ကြိုတင်မဲ့ပေးမည့်သူမရှိသည့်အပြင် ကိုရီးယားရောက် မြန်မာများက ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း တောင်ကိုရီးယားရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြနေကြကြောင်း သိရှိရသည်။

“ဆိုးလ်မှာရှိတဲ့ မြန်မာသံရုံးမှာ မဲထည့်သူမရှိတဲ့အပြင် မြန်မာနိုင်ငံသားတွေက သံရုံးသွားရာ လမ်းမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး သပိတ်လုပ်နေတယ်။ ပိုပြီးတော့ ဂွမ်းတာပေါ့။ မဲထည့်သူမရှိတဲ့အပြင် သပိတ်မှောက်တာပါကြုံရတာ” ဟု တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ တွင် တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် မြန်မာစစ်တပ်၏ စစ်အာဏာသိမ်းမှုနှင့် ရွေးကောက်ပွဲကို ဆန့်ကျင်သော ဆန္ဒပြပွဲများ ပြုလုပ်သွားရန် ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article