22 C
Yangon

မြိုင်နှင့် ရွှေဘို မြို့နယ်ရှိ မြို့မရဲစခန်း၊ ပျူစောထီးစခန်းနှင့် ခလရ ၄၂ တပ်ရင်း အထိုင်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲမှု ရဲနှင့် ပျူစောထီးတချို့ ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျုစောထီးများကို ဒရုန်းဖြင့် တိုက် ခိုက်မှုတွင် ပျူစောထီး ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း TYK ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ သရက်ကန်ပျူစောထီးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျုစောထီးများကို TYK ပြောက်ကျားတပ်ဖွဲ့ က ဒရုန်းများဖြင့် ဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများဘက်မှ ပျုစောထီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“ပျူစောထီး အင်အား ၄၀ ကျော်နဲ့ ကိုင်းတောမ စခန်း က ဆုတ်ခွာသွားတဲ့ ရဲအင်အား ၂၀ ရှိပါတယ်။ သေတာမရှိပါဘူး။ တစ်ယောက်ပဲ ထိ ခိုက်သွားတာပါ။ ဒရုန်း ၁ စီးတည်း တစ်ခေါက်တည်း ချခဲ့တာပါ။ ပျူစောထီး ထိခိုက်သွားတာပဲ ရှိတာ။ ဘန်ကာ မပျက်စီးဘူး။ အခြား ပျက်စီးတာလည်းမရှိပါဘူး။ ဗုံးက ဘန်ကာရဲ့ ဝင်ပေါက်ကို ကျပြီး ထိခိုက်သွားတာပေါ့”ဟု TYK ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို TYK ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မရဲစခန်းနှင့် ခလရ ၄၂ တပ် အထိုင်စခန်းတို့ကို ဒရုန်းဖြင့် တိုက်ခိုက်ရာ ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၅ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်အချိန် ရွှေဘိုမြို့မရဲစခန်းနှင့် ခလရ ၄၂ တပ် အထိုင်စခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းများဖြင့် ဗုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ရွှေဘိုမြို့မ ရဲစခန်းအတွင်းမှ ရဲ ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ထို့ပြင် ရွှေဘို ခလရ ၄၂ တပ်ရင်းရှိ နာရေး လုပ်ဆောင်နေသော နေရာကို ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် စစ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ယင်းသို့ ဒရုန်းများ ကျရောက် ပေါက်ကွဲပြီးနောက် ရွှေဘိုမြို့ တထပ ၂ မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်​ ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေး သေစာရင်းက အတိအကျတော့ မသိရသေးဘူး။ ရွှေဘိုမြို့တွင်းမှာ စကစ ဖြန့်ပြီး အထိုင်ချထားတာ ၁၃ နေရာ ထက်မနည်း ရှိပါတယ်”ဟု ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့ (PDO) နှင့် တိုက်နယ် (၅) ပကဖတိုက်ခိုက်ရေးအဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ်(၅)ပကဖ Fixed Wings Droneအဖွဲ့နှင့် အမှတ်(၁၈၁၁)ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ဓာတ်ပုံ- တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က တိုက်ခိုက်ရေးဒရုန်းကို လွှတ်တင်နေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article