23 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-စစ်ကိုင်းတိုင်းက ဒီပဲယင်းမြို့နယ်မှာ မြန်မာနဲ့ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းတို့ရဲ့ ဆီးဂိမ်းယှဉ်ပြိုင်ပွဲ ပြန်လည်ပြသမှုကို ကြည့်ရှုအားပေးနေတဲ့ လက်ဖက်ရည်ဆိုင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲချမှုကြောင့် ပြည်သူ ၁၈ ဦးထက်မနည်း သေဆုံးထားပြီး နောက်ထပ် ပြည်သူ အယောက် ၃၀ ထက်မနည်းက ဒဏ်ရာတွေ ရထားတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်အတွင်း စစ်ကူလာချတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ရဟတ်ယာဉ်ကို KNLA ပူးပေါင်း တပ်တွေက တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ခေတ္တဗျူဟာမှူး ဒုဗိုလ်မှူးကြီး အောင်မြတ်မိုး အပါအဝင် အရာရှိနဲ့ စစ်သည် ၁၅ ဦးအသီးသီး သေကုန်ကြတဲ့အတွက် စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က အရာရှိ၊ စစ်သည် အယောက် ၁၀၀ နီးပါး အစစ်ဆေးခံနေရတယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောထားသလို CDM ဗိုလ်ကြီးဇင်ယော်ကလည်း ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲအတုကြီးအတွက် မဲစာရင်း စစ်ဆေးပြီး ပြန်လာတဲ့ စစ်ကား ၂ စီးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က အရာရှိ ဗိုလ် ၁ ဦး သေသွားပြီး နောက်ထပ် စစ်သား ၃ ဦးက ပြင်းထန် ဒဏ်ရာရထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article