တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့နှင့် ဒယ်ဂူးမြို့များတွင် စစ်အုပ်စု၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် ‘အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး’ ဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဆိုးလ်မြို့ရှိ ဆန္ဒပြပွဲတွင် တောင်ကိုရီးယားရှိ တော်လှန်ရေးအဖွဲ့ ၃၉ ခု ပါဝင်သည့် “စစ်အုပ်စု ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ” က ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ဒယ်ဂူးမြို့ရှိ ဆန္ဒပြပွဲတွင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက “သံဃာတော်များသည် မဲပေးပိုင်ခွင့် မရှိသော်လည်း အရေးကြီးလျှင် သွေးနီးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် မူးယစ်ဆေးစိုက်ပျိုးမှု၊ ဘိန်းထုပ်လုပ်မှု၊ ရာဇဝတ်မှုအများဆုံးကျူးလွန်မှု၊ ကျားဖြန့်စသော အွန်လိုင်းငွေကြေးလိမ်လည်မှုများဖြင့် ကမ္ဘာတွင် ဘက်ပေါင်းစုံမှ နာမည်ပျက်နေသည်ကို ပြည်သူများသိရှိရန်လိုပြီး ကိုယ့်ပြည်သူကို ပြန်သတ်နေသည့် အာဏာသိမ်းစစ်ကောင်စီပြုလုပ်မည့် အတုယောင်ရွေးကောက်ပွဲကို မဲမထည့်ရန်နှင့် ထွက်ပေါက်မဟုတ်ဘူး၊ထောင်ချောက်ဟူ၍ အသိပေးစကားမိန့်ကြားခဲ့ကြောင်း သိရှိရသည်။






