25 C
Yangon

တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆက်တိုက် မီးရှို့နေသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆက်တိုက် မီးရှို့နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၅၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း အမှတ် ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် တောင်သာမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခြုံကြီး (ခ) သာယာကြီးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက အသင့်စောင့်ဆိုင်းပြီး ၆၀ မမ၊ လက်ပစ်ဗုံး၊ လက်နယ်ငယ် များဖြင့် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ၅၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်ပြီးနောက် တော်လှန်ရေး ရဲဘော်များက လက်နက်ခဲယမ်းများ ကောက်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း နောက်ကျန် စစ်ကြောင်းက အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

ထိုသို့ နောက်ကျန် စစ်ကြောင်း ရောက်ရှိလာပြီးနောက် လက်နက်ခဲယမ်းများ ၊ စစ်သား အလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဖောကာားများဖြင့် ခေါ်ဆောင်ကာ ခြုံကြီး (ခ) သာယာကြီးရွာ ၊ အင်းတဲရွာ ဘက်သို့ ဝင်ရောက်သွားကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်း ထိုးလာတာက အင်းအားက များတယ်။ မျက်မြင် ပြောကြားချက်အရဆို စစ်ခွေး ထိခိုက်သေဆုံးတာက ၅၀ အထက်မှာပဲရှိမယ်။ ကျနော်တို့ဘက်က အတိအကျတော့ မပြောနိုင်သေးပါဘူး။ စစ်ကြောင်းကတော့ ၂၀၀ အနည်းဆုံးထား ထိုးတာ များတယ်။ အခုတစ်‌တလောကတော့ စစ်ကြောင်းက အရပ်လေးမျက်နှာ ပတ်ထိုးနေတာ ဒီဇင်ဘာလ ၇ရက်နေ့တုန်းက ပြည်သူတွေအိမ်ကို မီးရှို့ခဲ့တာပါ” ဟု မြင်းခြံခရိုင်တပ်ရင်း အမှတ် ၃ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး တောင်သာ-မြင်းခြံ လမ်းပိုင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းဖြစ်ကာ လမ်းပိုင်းတစ်လျှောက်ရှိ တမံကြီးရွာ ၊ ဆည်ကုန်း(မ)ရွာ ၊ ညောင်ဒိုရွာ ၊ ပဲခင်းကျော်ရွာ ၊ ခြုံကြီးရွာ နှင့် အင်းတ်ရွာတို့မှ နေအိမ် ၂၀၀ နီးပါးကို မီးရှို့ဖျက်ဆီးထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article