30 C
Yangon

စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကျဲ လူသတ်သည့်သတင်းအား နိုင်ငံတကာမီဒီယာအသီးသီးတွင် အကြမ်းဖက်လုပ်ရပ်အဖြစ် ဖော်ပြ‌၊

Must read

လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာစစ်အုပ်စုကို လေယာဥ်ဆီ ပိတ်ဆို့ဖြတ်တောက်ကြရန် လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို လေကြောင်းကတိုက်ခိုက်ကာ အရပ်သားပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်လိုက်သည့်သတင်းအား ကမ္ဘာတဝန်းက မီဒီယာများတွင် အကြမ်းဖက်လုပ်ရပ်အဖြစ် ဖော်ပြ‌နေကြပြီး၊ ကျူးလွန်သူ မြန်မာစစ်တပ်အပေါ် ဖေန်မှုများလည်း အကြီးအကျယ် မြင့်တက်နေသည်။

ကမ္ဘာ့နံမည်ကြီးမီဒီယာအသီးသီးတွင် သတင်းဆိုးအဖြစ် ဖော်ပြခြင်းခံနေရသော စစ်တပ် မြောက်ဦးဆေးရုံကို ဗုံးကျဲခဲ့သည့်သတင်းအပေါ် ကမ္ဘာတဝန်းက မီဒီယာများသာမက၊ ကုလသမဂ္ဂအဖွဲ့ကြီးအပါအဝင် ကမ္ဘာ့အဖွဲ့အစည်းအသီးသီးကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချ‌ကြောင်း ထုတ်ပြန်ခဲ့ကြသည်။

အဆိုပါ ပြည်သူကိုရည်ရွယ်တိုက်ခိုက်သော အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာစစ်အုပ်စုကို လေယာဥ်ဆီ ပိတ်ဆို့ဖြတ်တောက်အရေးယူရန် Justice For Myanmar (JFM) အပါအဝင် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆို‌နေကြသည်။

ထိုစက်ဆုပ်ဖွယ်ကောင်းသော တိုက်ခိုက်မှုသည် လူသားချင်းစာနာမှုဥပဒေအောက်တွင် အကာအကွယ်ပေးထားသော ဆေးရုံများသည်ပင် စစ်အုပ်စု၏ အကြမ်းဖက်မှုမှ ဘေးကင်းလုံခြုံမှု မရှိသည်ကို ပြသနေကြောင်းနှင့် စစ်အုပ်စုသည် အစိုးရများနှင့် ကုမ္ပဏီများ၏ ကြံရာပါပတ်သက်မှုများမှတဆင့် ဘဏ္ဍာငွေ၊ လောင်စာဆီ၊ စစ်လက်နက်များ ဆက်လက်ရရှိနေခြင်းကြောင့်သာ ယင်းလေကြောင်းအကြမ်းဖက်မှုမှုများကို ကျူးလွန်နေနိုင်ခြင်းဖြစ်‌ကြောင်း Justice For Myanmar က ထောက်ပြဝေဖန်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲကလည်း အဆိုပါဗုံးကြဲတိုက်ခိုက်မှုအား စစ်ရာဇဝတ်မှုတစ်ခုအဖြစ် ပြောဆိုရှုတ်ချထားပြီး၊ စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရန်တောင်းဆိုထားသလို၊ စစ်အုပ်စု၏ ပြည်သူများအပေါ် ပစ်မှတ်ထားသော အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများကို အဆုံးသတ်စေရန်အတွက် ၄င်းတို့ကို ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီ လမ်းကြောင်းများ ဖြတ်တောက်ရန်အတွက် နိုင်ငံတကာအစိုးရများကို တောင်းဆိုကြောင်း JFM ကထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article