24 C
Yangon

ရေဖြူမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအားလုံးကို PDF တပ်က ဝင်ရောက် တိုက်ခိုက်ပြီး မဲပေးစက်များ အပါအဝင် ဌာနဆိုင်ရာရုံး အားလုံးကို မီးရှို့ရှင်းလင်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအားလုံးကို PDF တပ်က ဝင်ရောက် တိုက်ခိုက်ပြီး မဲပေးစက်များ အပါအဝင် ဌာနဆိုင်ရာရုံးအားလုံးကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ရေဖြူအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်က စတင်ပြီး ရေဖြူမြို့ပေါ်ရှိ ရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် လဝကရုံး အပါအဝင် ဌာနဆိုင်ရာရုံးအားလုံးကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ထွေ/အုပ်ရုံးနှင့် လဝကရုံး အပါအဝင် ဌာနဆိုင်ရာရုံးအားလုံးနှင့် မဲပေးစက်များကို PDF တပ်များက မီးရှို့ရှင်းလင်းခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ရေဖြူမြို့ ရဲစခန်းကို PDF တပ်များက မီးရှို့ရှင်းလင်းနိုင်ခြင်းမရှိသော်လည်း ရဲစခန်းအတွင်းရှိ အဆောက်အဦး အားလုံး ထိခိုက်ပျက်စီးခဲ့ပြီး စစ်သားများလည်း ထိခိုက်သေဆုံးမှုများပြားကြောင်း သိရှိရသည်။

“ရေဖြူမြို့ပေါ်မှာက မြို့စောင့်တပ်ရယ်၊ ရဲစခန်းရယ်မှာပဲ အင်အားကရှိတာဆိုတော့ PDF တွေက အလျင်အမြန် ဝင်တိုက်ပြီး ထွေ/အုပ်ရုံးနှင့် လဝကရုံး အပါအဝင် ဌာနဆိုင်ရာရုံးအားလုံး ဝင်ရောက် စီးနင်းနိုင်ခဲ့တယ်။ ထွေ/အုပ်ရုံးမှာရှိတဲ့ စာရွက်စာတမ်းတွေ အကုန်လုံးလည်း မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်။ မဲပေးစက်တွေ ရွေးကောက်ပွဲလုပ်မယ့် နေရာတွေပါ မီးရှို့ရှင်းလင်းခဲ့တာ တိုက်ပွဲဖြစ်တာတော့ဖြစ်တယ်။ PDF တွေက နံနက် ၇ နာရီလောက်မှာ ဝင်ရောက်စီးနင်းပြီး နံနက် ၁၀ နာရီလောက်မှာ မီးရှို့နေတဲ့ မီးခိုးတွေ မြို့ပေါ်ကနေ ထွက်လာတာကို မြင်ခဲ့ရတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ပေါ်မှ အကြမ်းဖက် စစ်သားများကို ရေလမ်းကြောင်းဖြင့် ရေဖြူမြို့ပေါ်ကို အင်အား အလုံးအရင်းပို့ဆောင်ပြီး သေနတ်ပစ်ဖောက်ခြင်း၊ မီးရှို့ခံထားရသော ဌာနဆိုင်ရာရုံးများကို ရှင်းလင်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article