32 C
Yangon

ပြည်သူ ၃၀ ကျော် သေဆုံးသော မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်မှု အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက အပြင်း အထန် ရှုတ်ချလိုက်ပြီး ဂျနီဗာ ကွန်ဗန်းရှင်းနှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုအဖြစ် ထုတ်ပြန်ကြေညာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ပြည်သူ ၃၀ ကျော် သေဆုံးသော မြောက်ဦးဆေးရုံကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက အပြင်းအထန် ရှုတ်ချလိုက်ပြီး ဂျနီဗာ ကွန်ဗန်းရှင်းနှင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်မှုအဖြစ် ယမန်နေ့ ထုတ် ပြန်ကြေညာသည်။

အာဆီယံအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်အနောက်ပိုင်း၊ မြောက်ဦးမြို့ရှိ ဆေးရုံအား လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား ၃၁ ဦး သေဆုံးပြီး ၇၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အပေါ် နက်ရှိုင်းစွာ စိုးရိမ်ပူပန်ပြီး အပြင်းအထန် ရှုတ်ချပါကြောင်း၊ အရပ်သားများနှင့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများသည် ၁၉၄၉ ခုနှစ် ဂျီနီဗာ ကွန်ဗင်းရှင်းများ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး အာဆီယံ ပဋိ ညာဉ်စာတမ်းတွင် ဖော်ပြထားသည့် အခြေခံမူများနှင့် မညီညွတ်၍ လက်မခံနိုင်စရာ ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက ပြောဆိုသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူများ၏ မိသားစုများနှင့် ထိခိုက်ခံစားရသူများ၊ ဒဏ်ရာရရှိသူများအား အနက်ရှိုင်းဆုံးသော ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်စကားများအား ပြောကြားအပ်ကြောင်း၊ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးအနေဖြင့် ခွဲခြားမှုမရှိဘဲ အကြမ်းဖက်မှုများ အလျှင်အမြန်ရပ်တန့်ရန်၊ အရပ်သားများနှင့် အရပ်သား အဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ ရပ်တန့်ရန်၊ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန်၊ အရပ်သားအားလုံးနှင့် အရပ်ဘက် အဆောက်အအုံများ၏ ကာကွယ်စောင့်ရှောက်မှုနှင့် ဘေးကင်းလုံခြုံမှုကို သေချာစေရန် အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက ပြောဆိုသည်။

၂၀၂၅ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အာဆီယံခေါင်းဆောင်များ၏ ကြေညာချက်တွင် ပါရှိသည့် မြန်မာနိုင်ငံတစ် ဝန်း အပစ်အခတ်ရပ်စဲရေးကို အပြည့်အဝ အကောင်အထည်ဖော်ရန် ထပ်မံ တောင်းဆိုကြောင်း၊ မြန်မာ့ နိုင်ငံရေးအကျပ် အတည်း ကို ဖြေရှင်းရန်အတွက် အာဆီယံဘုံသဘောတူညီချက် လုပ်ငန်းစဉ် ၅ ရပ် သဘောတူညီချက် (Five-Point Consensus) အကောင်အထည်ဖော်ရန် အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံက ထပ်မံတောင်းဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article