26 C
Yangon

မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ဘန့်ဘွေးကုန်းရွာမှ စစ်သား ၃၀ ကျော်ဖြင့် အထိုင်ချ တပ်စွဲထားသော စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ထိတွေ့ တိုက်ပွဲသည် ၁ နာရီ ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များက စစ်ဆေးရေးဂိတ်ကို ဝင်ရောက် သိမ်းပိုက်မည့် အချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ခလရ ၁ တပ်ရင်းမှ စစ်သား ၁၀၀ကျော် စစ်ကူတက်လာသည့် အတွက် ပြန်လည် ဆုတ်ခွာခဲ့ရပြီး တော်လှန်ရေးရဲဘော် ၃ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်ဆေးရေးဂိတ်ကို ရဲဘော်တွေက ဝင်သိမ်းဖို့ လုပ်တဲ့ အချိန်မှာ ခလရ ၁ တပ်ရင်းကနေ စစ်ကူပေးဖို့ ခွေးစစ်ကြောင်းရောက်လာလို့ ပြန်ဆုတ်ခဲ့ရတာ တိုက်ပွဲအတွင်းမှာ ခွေးတွေအထိနာလို့ ဘန့်ဘွေးကုန်းရွာထဲက နေအိမ် ၈ လုံးကို မီးတင်ရှို့သွားတာ နေအိမ် ၂ လုံးတော့ မီးလောင်ပြာကျသွားပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းမှ ဦးဆောင်၍ တပ်ခွဲ ၁ Dragon Brothers GBK PDF ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA GBK PDF နှင့် သာယာဝတီခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ရင်း တပ်ခွဲ ၃(မိုးညိုမြို့နယ်ပြည်သူ့ကာ​ကွယ်ရေးအဖွဲ့)တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ရေးတင်းမာမှုများကြောင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ပြီး အကြမ်းဖက် စစ်တပ်မှ လူသားဒိုင်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခြင်း၊ မော်တော်ယာဥ်များအား ချောဆွဲခြင်းများ ပြုလုပ်နေ၍ ပြည်သူများအနေဖြင့် ရိုးမအတွင်း သွားလာမှုများ မပြုလုပ်ကြရန်နှင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article