21 C
Yangon

ယင်းမာပင်မြို့နယ်၊ ဇီးတောရွာရှိ အမေရေယာဉ် နတ်နန်းအနီးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဇီးတောရွာရှိ အမေရေယာဉ် နတ်နန်းအနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ယင်းမာပင်မြို့နယ်၊ ဇီးတောရွာရှိ အမေရေယာဉ် နတ်နန်းအနီးကို အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာနေ ပြည်သူများသည်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဇီးတောရွာမှာရှိတဲ့ အမေရေယာဉ် နတ်နန်းအနီးကို စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာလို့ သိရတယ်။ စစ်ခွေးတွေ ဗုံးကျဲ တိုက်ခိုက်တာ ပြည်သူ ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်လို့ သိရတယ်။ ရွာထဲက ပြည်သူတွေကတော့ လေကြောင်း တိုက်ခိုက်တာတွေ ဆက်လက် လုပ်ဆောင်လာမှာဆိုးလို့ တိမ်းရှောင်နေရတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်၊ သစ်ရာပင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦးထိခိုက် ဒဏ်ရာရရှိကာ ပြည်သူများ မွေးမြူထားသော နွား ၃ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

Photo – ယင်းမာပင်မြို့နယ် သစ်ရာပင်ရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ပြည်သူပိုင် နေအိမ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article