30 C
Yangon

မူးမြို့နယ်တွင် စစ်တပ်၏ ခလရ ၃၀ နှင့် ခမရ ၄၃၉ တပ်ရင်းမှ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော စစ်မှုထမ်း တပ်သား ၅ ဦး အလင်းဝင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၃၀ နှင့် ခမရ-၄၃၉ တပ်ရင်းမှ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော စစ်မှုထမ်း တပ်သား ၅ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် KNU ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်းရှိ မူးမြို့နယ်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈ ထံသို့ အကြမ်းဖက် စစ်တပ်၏ ခလရ ၃၀ နှင့် ခမရ-၄၃၉ တပ်ရင်းမှ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော စစ်မှုထမ်း တပ်သား ၅ ဦး အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၅ ဦးမှာ အသက် ၂၁ နှစ်အရွယ် မောင်ချမ်းငြိမ်းဇော် ၊ အသက် ၃၅ နှစ်အရွယ် မောင်အောင်ဖြိုးဦး ၊ အသက် ၃၂ နှစ်အရွယ် မောင်ရဲမောင်မောင် ၊ အသက် ၂၄ နှစ်အရွယ် မောင်ဘိုဘိုဟိန်း နှင့် အသက် ၃၆ နှစ်အရွယ် အောင်လင်းသက်တို့ဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ အလင်း၀င်လာသော စစ်မှုထမ်း တပ်သားများသည် ၎င်းတို့ ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူများ ဖြစ်ပြီး KNU (ကရင်အမျိုးသားအစည်းအရုံး) မှ စည်းမျဉ်စည်းကမ်းများနှင့်အညီ ထိမ်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်အတွင်းရှိ မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသည့် တပ်သားများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ လက်နက်ချ အလင်း၀င်လာကြပါရန် KNU (ကရင်အမျိုးသားအစည်းအရုံး) က တိုက်တွန်း နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article