25 C
Yangon

ကျောက်ပန်းတောင်မြို့နယ်၊ အင်ပင်ကြီးကျေးရွာကို စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးပြီး ငွေကျပ် သိန်း ၂၀၀ ဖြင့် ပြန်ရွေးခိုင်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ်၊ အင်ပင်ကြီးကျေးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ကျားသစ်နက် မြို့ပြပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်ပန်တောင်း မြို့နယ်၊ အင်ပင်ကြီးကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၈၀ ပါ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်ပင်ကြီး ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံးကို မီးရှို့ ဖျက်ဆီးကာ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီး ရိုက်နှက်ပြီး လူသားဒိုင်း ပြုလုပ်ရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“စစ်ခွေး သေတာကတော့ ၄ ဦး သေတယ်လို့ သိရတယ်။ ကျောက်ပန်းတောင်းကနေ ထွက်လာပြီး ဆုံရွာမှာ လူစုတယ်။ အဲ့ကနေ အင်ပင်ကြီးရွာကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်စီးနင်းတာပေါ့။ စစ်ခွေးစစ်ကြောင်းနဲ့ ဂိတ်စောင့်နေတဲ့ ရဲဘော်တွေနဲ့ အပြန်အလှန်ပစ်တာ ကျွန်တော်တို့ဘက်က အင်အား မမျှလို့ ပြန်ဆုတ်ပြီး မဟာမိတ်တွေအကူလာပြီးမှ ရွာတောင်ဘက်မှာ တိုက်ပွဲပြန်ဖြစ်တာပါ” ဟု ကျားသစ်နက် မြို့ပြပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားသော အပင်ကြီးကျေးရွာမှ အသက် ၄၀ နှစ်အရွယ် အမျိုးသား ၂ ဦးကို ကျောက်ပန်းတောင်မြို့ပေါ်သို့ ခေါ်ဆောင်သွားပြီး ပြည်သူ ၁ ဦးလျှင် ငွေကျပ် သိန်း ၂၀၀ ဖြင့် ပြန်ရွေးခိုင်းကာ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျားသစ်နက်မြို့ပြပြောက်ကျားတပ်ဖွဲ့(L.P.D.F) ၊ ချောက်မြို့နယ် ပကဖ ၊ညောင်ဦး ယင်း (၄) ၊ No Chair ပြောက် ကျားတပ်ဖွဲ့ များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article