ရန်ကုန်၊ ဇူလိုင် ၇
မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင် ၆ ရက်နေ့အထိ ရရှိထားသော စာရင်းဇယားများအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၂ ဦးသေဆုံးပြီး ရဲ ၇ ဦး ဖားကန့်တွင် ဖမ်းဆီးခံရ ကြောင်း၊ ပြည်သူ့ဘက်တော်သား ရဲဘော် ၁၅ ဦးကျဆုံးကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော်ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။