31 C
Yangon

ပေါက်ခေါင်းမြို့နယ်တွင် ၉ တန်းကျောင်းသား မောင်တင်မျိုးအောင်နှင့် မောင်သော်ဇင်ဖြိုး တို့ကို အွန်လိုင်းမှ ၁ လ ငွေကျပ် ၅ သိန်း ဝင်ငွေရမည့် အလုပ်ပေးမည်ဟုဆိုကာ လိမ်လည် ခေါ်ဆောင်ပြီး စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ၉ တန်းကျောင်းသား မောင်တင်မျိုးအောင်နှင့် မောင်သော်ဇင်ဖြိုး တို့ကို အွန်လိုင်းမှ ၁ လ ငွေကျပ် ၅ သိန်း ဝင်ငွေရမည့် အလုပ်ပေးမည်ဟုဆိုကာ လိမ်လည် ခေါ်ဆောင်ပြီး စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ပေါက်ခေါင်းမြို့နယ်၊ အနောက်ကြို့ကုန်းအုပ်စု၊ အနောက်ကြို့ကုန်း အထက်တန်းကျောင်းတွင် တက်ရောက်နေသော ဒန်းတောင့်ရွာမှ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်တင်မျိုးအောင် နှင့် ပြည်မြို့နယ်၊ ကန်သာယာရွာမှ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်သော်ဇင်ဖြိုး တို့ကို အွန်လိုင်းပေါ်မှ ၁ လ ငွေကျပ် ၅ သိန်း ဝင်ငွေရမည့် အလုပ်ပေးမည်ဟု လိမ်လည် ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ လိမ်လည် ခေါ်ဆောင်ပြီးနောက် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မောင်တင်မျိုးအောင်နှင့် မောင်သော်ဇင်ဖြိုး တို့သည်နေအိမ်မှ ကျောင်းသို့ သွားရာလမ်း၌ ပျောက်ဆုံးခဲ့ကြောင်း၊ ယင်းသို့ ပျောက်ဆုံးသွားသည့် အတွက် မိသားစုဝင်များက လိုက်လံစုံစမ်းစဉ် ပန်းတောင်းမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၆ စက်ရုံထဲ၌ စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံထားရခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် မိသားစုဝင်များက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကပစ ၆ သို့ သွားရောက်၍ လိုက်လံစုံစမ်းစဉ် အကြမ်းဖက် စစ်သားများက တပ်တွင်း၌ မရှိကြောင်း ပြောဆိုခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှလည်း ၎င်းဖြစ်စဉ် ပတ်သက်ပြီး တာဝန်မယူနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။

“မိသားစုတွေကတော့ လိုက်ပြီးတော့ ဆက်လက် စုံစမ်းနေတယ်လို့ သိရတယ်။ သူတို့ စစ်တပ်ထဲရောက်နေတာကတော့ သေချာတယ်တဲ့ သူတို့ အကောင့်တွေကနေ သူတို့ သူငယ်ချင်းတွေကို ဆက်သွယ်လာတဲ့ ဓာတ်ပုံတွေကတော့ စစ်တပ်ထဲရောက်နေတာကို တွေ့ခဲ့ရတယ်။ အဆက်အသွယ်ရနိုင်ဖို့ ဆက်ပြီးတော့ စုံစမ်းနေတယ်လို့ သိရတယ်” ဟု ဒေသတွင် သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article