ဒီကနေ့ ဒီဇင်ဘာ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အုတ်မြစ်ချပေးပြီး ခိုင်မာအောင် စစ်တပ်က တည့်မတ်ပေးနေတာကြောင့် စစ်တပ်နှင့်လက်တွဲနိုင်သူတွေကိုသာ ဆန္ဒမဲပေး ရွေးချယ်ဖို့လိုအပ်တယ်ဆိုတာကို အကြမ်းဖက် မင်းအောင်လှိုင်က ပြောပါတယ်။
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ သတ်ကွင်းထဲကို ကျွံ ဝင်လာတဲ့ စစ်ယာဉ်တန်းကို စောင့်ကြိုတိုက်ခိုက်ပြီး အပြတ်ချေမှုန်းနိုင်ခဲ့တာကြောင့် စစ်သားနဲ့ ပျူစောထီး အယောက် ၄၀ ကျော် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၁၁ တပ်ရင်း -TGYR တပ်ဖွဲ့ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Loki က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို အကြိမ် ကြိမ် ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၂ ယောက် သေဆုံးခဲ့တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




