25 C
Yangon

ဗန်းမောက်၊ ကံကြီးကုန်း ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု သံဃာတော်၁ ပါး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ၊ မြင်းခြံ အိုင်းမကျေးရွာကိုလည်း စစ်တပ်က မီးတင်ရှို့

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် အနောက်ခြမ်း ကံကြီးကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက် ခိုက်ရာ သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဗန်းမောက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ရက်နေ့ ည ၈နာရီ ၂၀မိနစ်ခန့်တွင် ဗန်းမောက်မြို့နယ် အနောက်ခြမ်း ကံကြီး ကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ကို အကြမ်းဖက် စစ်တပ်က လေ ကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ကံကြီးကုန်း ကျေးရွာ သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“အနောက်ခြမ်း ကျေးရွာတစ်ရွာ ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဆိုတာက ကံကြီးကုန်း ကျေးရွာလို့ သိရပါတယ်။ သံဃာ တော်တစ်ပါး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ် ရာရတာ။ ကံကြီးကုန်း ကျေးရွာပါ။ ပြည်သူ ၆ ဦးက အမျိုးသားတွေပါ”ဟု ဗန်းမောက်မြို့ နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၅ နာရီအချိန် မန္တလေးတိုင်း၊ မြင်းခြုံမြို့နယ်၊ အိုင်းမကျေးရွာကို စစ်တပ်က စစ်ကြောင်း ၂ ခုဖြင့် ထိုးစစ်ဆင်လာပြီး ကျေးရွာအတွင်းသို့ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူများ ထိမှန်သေဆုံးမှုများ ရှိကြောင်း၊ ယင်းနောက် ကျေးရွာကို စစ်တပ်က မီးတင်ရှို့ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အိုင်းမကျေးရွာကို မနေ့ မနက် ၅ နာရီမှာ စစ်ကြောင်း ၂ ခုနဲ့ ထိုးစစ်ဆင်လာတယ်။ ရွာသားတွေ ထွက်ပြေးနေတာကို သေနတ်နဲ့ မည်းမည်းမြင်ရာ ပစ်ခတ်တာ။ သေနတ်နဲ့ ကျည်မှန်သူတွေလည်းရှိတယ်။ ပြီးတော့ ကျေးရွာကို မနက်ကနေ ညအထိ မီးရှို့နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article