25 C
Yangon

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ တစ်ရပ် ပီပီပြင်ပြင် ပေါ်ပေါက်လာပြီး စစ်ကိုင်းတိုင်းဆိုင်ရာ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ အသီးသီးခန့်အပ်တာဝန်ပေး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ တစ်ရပ် ပေါ်ပေါက်လာပြီး စစ်ကိုင်းတိုင်းဆိုင်ရာ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ အသီးသီးရွေးချယ်ခန့်အပ်တာဝန်ပေးလိုက်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့် ထွေးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပသည့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က စစ်ကိုင်း ဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၆၉) အရ “စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ဝင်များကိုလည်းကောင်း၊ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက် ကျင်းပသည့် စစ် ကိုင်းဖက်ဒရယ် ယူနစ် လွှတ်တော် ဆဋ္ဌမအကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် စစ်ကိုင်းဖက် ဒရယ် ယူနစ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးစိုးဦးကိုလည်းကြောင်း ခန့်အပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာအစိုးရအဖွဲ့ဝင်များအား အတည်ပြုတာဝန်ပေးအပ်လိုက်ပြီး တော်လှန်ရေးကို ရှေးရှု၍ တိုက်တိုက်တွန်းတွန်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့် ထွေးက ရှင်းပြသည်။

“ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ထိန်းကျောင်းဆောင်ရွက်သွားရပါ့မယ်။ တော်လှန် ရေးကာလဖြစ်တာမို့လည်း တော်လှန်ရေးကို ရှေ့ရှုပြီး တိုက်တိုက်တွန်းတွန်း လုပ်ဆောင်သွားပါ့မယ်။ ကျန်တာက အစိုးရအဖွဲ့က အကောင်အထည် ဖော်သွားကြပါလိမ့်မယ်” ဟု စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ အဖွဲ့ဝင်များမှာ ဒုတိယဝန်ကြီးချုပ်အဖြစ် ဒေါက်တာနေဝင်းအောင်၊ ကာကွယ်ရေးဝန်ကြီးအဖြစ် ဦး ကိုကိုအောင်၊ ပြည်ထဲရေးဝန်ကြီးအဖြစ် ဦးမိုးမင်းဝင်း ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးခန့်ဝေ ဖြိုး ၊ ပညာရေးဝန်ကြီး အဖြစ် ဒေါက်တာ တင်အောင်မိုး ၊ ကျန်းမာရေးဝန်ကြီးအဖြစ် ဒေါက်တာမြင့် အောင် ၊ လူသားချင်းစာနာမှုကူညီရေး၊ ပြန်လည်ထူထောင်ရေးနှင့်အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး အဖြစ် ဦးတိုးဝေအောင် ၊ လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး အဖြစ် ဦးသန်းလှိုင်၊ သစ်တောနှင့်သယံဇာတရေးရာ ဝန်ကြီးအဖြစ် ဦးဇင်မင်းထွန်း ၊ တိုင်းရင်းသားလူမျိုးစုရေးရာ ဝန်ကြီး အဖြစ် ဦးဘွဲ့ဟုပ်ထန်း ၊စည်ပင်ဝန်ကြီးအဖြစ် ဒေါ်ရတီအုန်းနှင့် ဖက်ဒရယ်ယူနစ်ရှေ့နေချုပ်ရုံး ရှေ့ နေချုပ်အဖြစ် ဦးအောင်ချစ်ညို တို့ဖြစ်ကြောင်း သိရသည်။

ယနေ့ ကျင်းပသော စစ်ကိုင်းဖက်ဒရယ်ယူနစ် သတ္တမပုံမှန်အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဧည့်သည်တော်အဖြစ် အမျိုးသားညီညွတ်ရေးအစိုး ရ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွှန့်၊ အမျိုး သားညီညွှတ်ရေး အစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မေဝင်းမြင့်နှင့် အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီမှ ကောင်စီဝင် ဒေါ်နှင်းနှင်းမွေး တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည။

Screenshot
Screenshot
Screenshot
Screenshot
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article