30 C
Yangon

မြောင်၊ ရွှေဘိုနှင့် မြင်းခြံ မြို့နယ်တွင် စစ်တပ် ရွေးကောက်ပွဲ ပြုလုပ်သော နေရာများနှင့် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ မြောင်မြို့မရဲစခန်းတွင် ပြည်သူများကို ဖမ်းဆီးပြီး မိသားစုဝင်များကို ဖိအားပေးမဲပေးခိုင်းနေသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားများထိခိုက်သေဆုံးမှုရှိကြောင်း T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်တိုက်ဂါး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြောင်မြို့မရဲစခန်း၌ ပြည်သူ ၃၀ ဦးကို ဖမ်းဆီထားပြီး မိသားစုဝင်များကို ဖိအားပေး မဲပေးခိုင်းနေသည့် အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“မြောင်မြို့ပေါ်မှာရှိတဲ့ မြို့မရဲစခန်းမှာ မဲတစ်မဲ ပေးရင် နှစ်သောင်းကျပ်ဆိုပြီး ပြောဆိုစည်းရုံးနေတဲ့ စစ်ခွေးစခန်းကို ဒရုန်းနဲ့ ဗုံးကျဲချ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေဘက်က အထိခိုက်မှုကတော့ ခန့်မှန်းခြေ ၃ ယောက်ရှိတယ်ကြားတယ်။ စစ်ခွေးတွေက ပြီးခဲ့တဲ့လအတွင်း အကြောင်းမျိုးမျိုး ပြပြီး ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀ ဦးရဲ့ မိသားစုဝင်တွေကိုလည်း ခေါ်ပြီး ‌မဲပေးခိုင်းနေပါတယ် မလာရင် နောက်ရက်တွေ့ခွင့်မပေးဘူးလို့ ဖိအားပေး ခြိမ်းခြောက်နေပါတယ်” ဟု T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်တိုက်ဂါး မှ ပြောဆိုသည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ အလ္လကပ္ပတိုက်နယ် ပကဖ၊ အမုန်းဗျင်းမဲ့ drone Teams၊ စစ်ကိုင်းခရိုင်ရင်း ၁ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်နေသော ရန်ကြီးအောင်ပန်းခြံခန်းမအတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပကဖ အသံက ထုတ်ပြန်ထားသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွှေဘိုမြို့ အတွင်းရှိ အကြမ်းဖက် စစ်တပ်က ပြုလုပ်သည့် အတုယောင် ရွေးကောက်ပွဲ ကျင်းပရာ ရွှေဘိုမြို့ ရန်ကြီးအောင်ပန်းခြံခန်းမအတွင်းရှိ မဲကော်မရှင်ရုံးကို ရွှေဘိုမြို့နယ် မြို့နယ် PDO တိုက်ခိုက်ရေးအဖွဲ့ နှင့်တိုက်နယ် ၅ Fixed Wings Drone အဖွဲ့တို့က ပူးပေါင်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၆ ရက်နေ့နှင့် ဒီ‌‌ဇင်ဘာလ ၂၈ ရက်နေ့တွင်လည်း မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးခေါင်းဆောင် သီတာယုမွန်အဖွဲ့ အထိုင်ချ တပ်စွဲထားသော နေရာ ၁၇ ခုကို တော်လှန်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike -MDDS အဖွဲ့က ထုတ်ပြန်ထားသည်။

ထိုတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ ထိုတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်၁၈၄၈ ဒရုန်းတပ်ဖွဲ့ ၊ ရေစကြိုတပ်ပေါင်းစုဒရုန်းတပ်ဖွဲ့ ၊မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်း ၊ အ‌မေ့လက်ရုံးတပ်ဖွဲ့ တိုက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article