26 C
Yangon

ဧရာဝတီတိုင်းရှိ မြို့နယ် ၃ ခုကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ၂၀၂၅ ခုနှစ်အတွင်း တိုက်ခိုက်မှု ပြည်သူ ၆၉ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ ၆၉ ဦးသေဆုံးပြီး နေအိမ် ၁၆၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ်တွင် ဧရာဝတီတိုင်းအတွင်း၌ တော်လှန်ရေး တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်သောကြောင့် စစ်တပ်က နယ်မြေ ဆုံးရှုံးမှုများလာကြောင်း၊ ထို့ကြောင့် စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူနှင့် နေအိမ် အဆောက်အအုံ များကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများ ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်အုပ်စု၏ နေ့စဉ်ရက်ဆက် လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်မှုကြောင့် ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့တွင် အရပ်သားပြည်သူ ၆၉ ဦးသေဆုံးပြီး ၁၂၅ ဦး ဒဏ်ရာရရှိကာ ပြည်သူပိုင် နေအိမ်၊ အဆောက်အအုံ ၁၆၇ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် သက္ကပြင်အုပ်စု၊ ထုံးကြီးဘိုကျေးရွာမှ အ သက် ၆၈ နှစ်အရွယ် ဒေါ်မဲလုံး၊ တောင်ကလေးကျေးရွာမှ အသက် ၄၁ နှစ်အရွယ် ဒေါ်မိခိုင်၊ လှော် ကထား ကျေးရွာမှ အသက် ၆၂ နှစ်အရွယ် ဦးကြီးမြင့်၊ ဝက်ကုန်းတောင်ကျေးရွာမှ အသက် ၆၄ နှစ် အရွယ် ဦးကြည်ဝင်း၊ အသက် ၂၁ နှစ်အရွယ် မမေသူစိုး၊ လှော်ကထားကျေးရွာအုပ်စု၊ စောပြာကျေး ရွာမှ အသက် ၅၅ နှစ်အရွယ် ဒေါ်မိုးမိုးခိုင်၊ အသက် ၃၈ နှစ်အရွယ် ဦးနေလင်းအောင်၊ အသက် ၆၈ နှစ်အရွယ် ဦးမြင့်အောင်၊ ကျားတိုက်ကွင်းကျေးရွာမှ အသက် ၆၆ နှစ်အရွယ် ဦးကိုကြွေ၊ မှန်တန်း ကျေးရွာမှ အသက် ၃၄ နှစ်အရွယ် မစန္ဒာလင်း၊ တောင်ကလေးကျေးရွာမှ အသက် ၆၀ အရွယ် ဦးမြင့် ဦးနှင့် ဘန့်ဘွေးကုန်းကျေးရွာမှ အသက် ၄၉ နှစ်အရွယ် ဦးမြင့်ဖိုးတို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် အတုအယောင် ဟန်ပြရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး‌ဆွေးနွေးပွဲများအား ပြုလုပ်နေသော်လည်း တစ်ဖက်တွင် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ နေ့စဥ်နှင့် အမျှ ဆက်တိုက် ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းနှင့်လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြပါရန်နှင့် တော်လှန်ရေး လောကဓံ အခက်အခဲများကို စုစည်းညီညွတ်စွာဖြင့်ဖြတ်ကျော်ကာ ပြည်သူတစ်ရပ်လုံးလိုလားသော တော်လှန်ရေး ပန်းတိုင်ရောက်ရှိသည်အထိ ချီတက်ကြပါရန် တိုက်တွန်းထားသည်။

အကြမ်းဖက် စစ်အုပ်စုအနေဖြင့် ၎င်းတို့ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို တာဝန်ခံရမည် ဖြစ် ပြီး ပြည်သူလူထုအပေါ်စစ်ရာဇဝတ်မှုကျူးလွန်သော အကြမ်းဖက်စစ်အုပ်စုအားအပြင်းထန်ဆုံး လက် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article