36 C
Yangon

ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ထွေ/အုပ်ရုံး အပါအဝင် စစ်တပ် ဒေါက်တိုင်ရုံးများကို PDF တပ်က မီးရှို့ရှင်းလင်း၊ ဆိပ်ဖြူမြို့နယ် တိုက်ပွဲတွင်လည်း စစ်သား ၁၉ ဦးသေဆုံးပြီး ၁ ဦးအရှင်မိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ထွေ/အုပ်ရုံး အပါအဝင် စစ်တပ် ဒေါက်တိုင်ရုံးများကို PDF တပ်က မီးရှို့ရှင်းလင်းခဲ့ပြီး ဆိပ်ဖြူမြို့နယ် တိုက်ပွဲတွင်လည်း စစ်သား ၁၉ ဦးသေဆုံးကာ ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁ ရက်နေ့တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အပါအဝင် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ရုံးဌာနများကို မင်းဘူးခရိုင် စစ်ဌာန၏ ကွပ်ကဲမှုဖြင့် PDF တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း၍ မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ပခုက္ကူခရိုင် စစ်ဌာန၏ ကွပ်ကဲမှုဖြင့် PDF တပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးခဲ့ပြီး အဆိုပါ ဂိတ်ကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အလားတူ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်မှ ထွက်ခွာလာသော အင်အား ၃၅ ဦးပါ စစ်တပ်ယာဉ်တန်းကို ပခုက္ကူခရိုင်စစ်ဌာန၏ ကွပ်ကဲမှုဖြင့် PDF တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၆ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၁ ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း စစ်ကား ၂ စီး ပျက်စီးသွားပြီး လက်နက် ၈ လက်နှင့်အတူ ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၏ ကွပ်ကဲမှုအောက်ရှိ ခရိုင်စစ်ဌာနများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်​ရေးအဖွဲ့များ (ပကဖ)သည် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ မကွေးတိုင်းအတွင်းရှိ အကြမ်းဖက် စကမ၏ အခြေပြုစခန်းများအား အဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်ကို အရှိန်မြင့်တင်၍ တိုက်ပွဲဝင်လျက်ရှိရာ ပြည်သူများအနေဖြင့်လည်း PDF တပ်ဖွဲ့ဝင်များကို တတ်စွမ်းသရွေ့ ကူညီဖေးမနိုင်ပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article