30 C
Yangon

မြဝတီမြို့နယ်၊ ကျောက်ခတ်ဒေသတွင် DKBA စိုင်းကျော်လှအဖွဲ့က လူငယ် ၃၀၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသတွင် DKBA စိုင်းကျော်လှ အဖွဲ့က ဒေသနေ လူငယ် ၃၀၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၃ ရက် ည ၇ နာရီခန့်ဝန်းကျင်အချိန် မြဝတီမြို့နယ်၊ ကျောက်ခတ်ဒေသရှိ ဒေသနေလူငယ် များ၊ အလုပ်လုပ်လာရောက်လုပ်ကိုင်သူ လူငယ် ၃၀၀ ခန့်ကို ပေါ်တာဆွဲဖမ်းဆီးပြီး ၁၂ ဘီးကားများ ဖြင့် သယ်ဆောင်သွားကြောင်း၊ ထိုသို့ ဖမ်းဆီးနေမှုကြောင့် လူငယ်အချို့ ထွက်ပြေးပုန်းအောင်းနေကြ ရကြောင်း သိရသည်။

“မနေ့က ညနေပိုင်းမှာ ၁၂ ဘီးကားတွေနဲ့ လိုက်ဖမ်းပြီး တင်သွားတာ။ လမ်းမပေါ်တွေ့တဲ့သူတွေ၊ ဆိုဒ်ထဲအလုပ်လုပ်နေတဲ့သူတွေ ဖမ်းခေါ်သွားတယ်။ ဆိုဒ်ထဲက လုံခြုံရေးတွေဆိုရင် သေနတ်နဲ့ ချိန် ပြီးခေါ်သွားတယ်။ တချို့ဆိုရင် ဆိုဒ်ထဲ ဖုန်းလာသုံးရင်း ပါသွားတယ်။ တစ်ချို့တော့ ပုန်းနေကြရ တယ်။ လူငယ် ၃၀၀ ကျော်လောက်ပါသွားပါတယ်။” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မြဝတီမြို့နယ်၊ ကျောက်ခတ်ဒေသမှာ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်(DKBA) စိုးမိုး ရာ နယ်မြေဒေသဖြစ်ပြီး DKBAက ဗိုလ်မှူးချုပ် စိုင်းကျော်လှ အုပ်ချုပ်နေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article