စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ထွက်လာသော အကြမ်းဖက် စစ်တပ်၏ အမြန်ရေယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရှိသူ များပြားခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အထိုင်ချတပ်စွဲထားသော အမြင့်စခန်းမှ ချင်းတွင်းမြစ်ကြောင်း အတိုင်း ထွက်လာသော အမြန်ရေယာဉ် ၁ စီးကို တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့က ဆားလင်းကြီးမြို့နယ် တစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရှိသူများပြားခဲ့ကြောင်း၊ တိုက်ခိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ခွေး အင်အားက ၇၀ လောက်ရှိပါတယ်။ ချောင်းဦးမြို့နယ်မှာ စစ်တပ် အထိုင်ချတပ်စွဲထားတဲ့ အမြင့်စခန်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ထွက်လာတဲ့ အမြန်ရေယာဉ် ၁ စီးကို တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဆားလင်းကြီးမြို့နယ် တနေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၂ ကောင်သေဆုံးတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ သိရတယ်။ မုံရွာမြို့နယ် မအူဂိတ်က စစ်ခွေးတွေ ပစ်ကူပေးတာတွေရှိတယ်။ ကျွန်တော် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မုံရွာ အမှတ်တပ်ရင်း၄တပ်ခွဲ(၂)5/Commando Force ၊ မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။




