ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၃ ဦးကို ထိုင်းအာ ဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများနှင့် တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် မြန်မာနိုင်ငံသား ၁၃ ဦးကို တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ သာ့ဆိုင်လွတ် (Tha Sai Luat) ကျေးရွာအုပ်စု၊ အမှတ် ၂ ရပ်ကွက်ရှိ တောစပ်တစ်ခုတွင် ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံအတွင်းသို့ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာခြင်းနှင့် နေထိုင်မှု ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း၊ လက်ရှိတွင် ဖမ်းဆီးရမိသူများကို တက်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးသို့ လွှဲပြောင်းပေးပို့ကာ ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများက ဆိုသည်။
ထို့ပြင် ဇန်နဝါရီလ ၉ ရက်နေ့ မွန်းလွဲပိုင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်အတွင်း ထိုင်းလူဝင်မှုကြီး ကြပ်ရေး အပါအဝင် ထိုင်းအာဏာပိုင် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးရာမှာ တရားမဝင် မြန်မာနိုင်ငံသား ၆ ဦးကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။





