27 C
Yangon

အမ်း-ပဒါန်းလမ်းပိုင်းနှင့် ပုသိမ်-မုံရွာလမ်းပိုင်းတို့တွင် အလင်းဝင်ခဲ့သော စစ်သား ၁၃ ဦး ကျောင်သားလက်ရုံးတပ်တော်၏ ရဲဘော်များအဖြစ် တာဝန်ထမ်းဆောင်နေ၊ စစ်သုံ့ပန်း ၁၆ ဦးကိုလည်း ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၂

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းနှင့် ပုသိမ် -မုံရွာလမ်းမကြီး တဝိုက်တို့တွင် အလင်း ဝင်ခဲ့သော စစ်သား ၁၃ ဦး သည် ကျောင်းသားလက်ရုံးတပ်တော်၏ ရဲဘော်များအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း ကျောင်းသားလက်ရုံး တပ်တော် အထွေထွေအတွင်းရေးမှူး ၂ နွေညိမ်းက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပြီးခဲ့သည့် နှစ်လအတွင်း ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံး‌တပ်တော်၏ စစ်ဆင်ရေးနယ် မြေတစ်ခုဖြစ်သည့် အမ်း-ပဒါန်းလမ်းပိုင်းနှင့် ပုသိမ်-မုံရွာ လမ်းမကြီးတဝိုက်ရှိ အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦး နှင့် ဒုတပ်ကြပ် ၁ ဦး တို့ အပါအဝင် အလင်းဝင် ခိုလှုံလာသူ စုစုပေါင်း ၁၃ ဦး ရှိခဲ့ပြီး ထိုသို့ အလင်းဝင်ခိုလှုံလာသူများသည် ယခုအခါ တပ်ဦး/တပ်တော်၏ ရဲဘော်များအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် အဆိုပါ စစ်ဆင်ရေး နယ်မြေအတွင်း၌ပင် အကြမ်းဖက် စစ်တပ်မှ ထွက်ပြေးလာသူများ နှင့် တိုက်ပွဲများမှ ဖမ်းဆီးရမိသူ စုစုပေါင်း ၁၆ ဦး ရှိခဲ့ပြီး ထိုသို့ ဖမ်း ဆီးရရှိ သည့် စစ်သုံ့ပန်းများကို တပ်ဦး/တပ်တော်၏ မူဝါဒများ၊ နိုင်ငံတကာစစ်ဥပဒေများ နှင့်အညီ ထိန်း သိမ်းထားကြောင်း သိရသည်။

“ဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ကောင်းကောင်းမွန်မွန်ထားသလို ကိုယ့်အသိ စိတ် နဲ့ကိုယ် အလင်းဝင်လာတဲ့ သူတွေကိုလည်း သူတို့တတ်ကျွမ်းရာ ၊ ကျွမ်းကျင်ရာအလိုက် တပ်တော်မှာ မူဝါဒနဲ့အညီ တာဝန်ပြန်ချပေးထားတာတွေ ရှိပါတယ်။ လက်ရှိ စစ်ကော်မရှင်တပ်မှာ အထက်က ခိုင်းသမျှ အမှားအမှန် မခွဲခြားနိုင်ပဲ လုပ်နေရတဲ့ တပ်သားကစလို့ အဆင့်ဆင့်သော အရာရှိတွေ အနေ နေနဲ့ လည်း အချိန်မနှောင်းခင် အမှန်တရားဘက်ကို ရည်တည်၊ ပြည်သူကို မျက်နှာမူပြီး ဘက် ပြောင်းခိုလှုံကြဖို့အတွက် လေးလေးနက်နက် တိုက်တွန်းလိုပါတယ်” ဟု ကျောင်းသားလက်ရုံး တပ်တော် အထွေထွေ အတွင်းရေးမှူး ၂ နွေညိမ်းက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်တပ်ဦးအနေဖြင့် အဖိနှိပ်ခံလူထုကို မျက်နှာမူ ကာ တော်လှန်ရေး တာဝန်ထမ်းဆောင်လိုသူ မည်သူမဆို အတူတိုက်ပွဲဝင်ရန် လက်ကမ်းကြိုဆို လျက်ရှိကြောင်း ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article