25 C
Yangon

ဝေါမြို့နယ် သူရဲသူမိန် ရဲစခန်းနှင့် လက်နက်ကြီး တပ်ဆင်ထားသော တာဝါတိုင်ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ပဲခူးတိုင်း၊ ဝေါမြို့နယ် သူရဲသူမိန် ရဲစခန်းနှင့် လက်နက်ကြီး တပ်ဆင်ထားသော တာဝါတိုင်ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Bago District People’s Defense Organization – ပဲခူးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝေါမြို့နယ် သူရဲသူမိန် ရဲစခန်းနှင့် လက်နက်ကြီး တပ်ဆင်ထားသော တာဝါတိုင်ကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ၅ လုံးဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားများရှိရာ နေရာများကို ရော့ကတ်များ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဝေါမြို့နယ် သူရဲသူမိန် ရဲစခန်းနဲ့ လက်နက်ကြီး တပ်ဆင်ထားတဲ့ တာဝါတိုင်ကို ကျနော်တို့ ရော့ကတ် ၅ လုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှု အတွင်းမှာ စစ်ခွေး ၃ ကောင် သေပြီး ဒဏ်ရာရတဲ့ သူတွေလည်းရှိပါတယ်လို့ နယ်မြေခံတွေရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်” ဟု Bago District People’s Defense Organization – ပဲခူးခရိုင် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA ရင်း ၇ ၊ ရန်ကုန်တိုင်း စစ်ဌာန ဗျူဟာ ၂၈ နှင့် ပဲခူးခရိုင် ပကဖ လက်နက်ကြီးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article