ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ကျားဖောင်လုပ်ငန်းတစ်ခုတွင် ကျားဖောင်လုပ် သား ကိုဝင်းနိုင်ထွန်းကို ကျားဖောင်ဦးစီးက ရိုက်နှက်နှိပ်စက်ပြီးသတ်ဖြတ်ခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များနှင့်နီးစပ် သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၁၁ ရက် ညနေပိုင်းက ဘိုကလေးမြို့နယ်၊ ဘုရားချောင်းကျေးရွာမှ အသက် ၄၈ နှစ် အ ရွယ် ကျားဖောင်လုပ်သား ကိုဝင်းနိုင်ထွန်း နေမကောင်းဖြင့် ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းဆေးရုံတွင် တက် ရောက်ကုသနေရသည်ဟု အကြောင်းကြားသဖြင့် မိသားစုဝင်များက သွားရောက်ကြည့်ရှုရာ ထိုး သွင်း၊ ရိုက်နှက်ဒဏ်ရာများဖြင့် တွေ့ရှိရပြီး အမောဖောက်နေသောကြောင့် ဇန်နဝါရီလ ၁၂ ရက်နေ့ တွင် ဖျာပုံမြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
“ကျားဖောင်ဦးစီးက ရိုက်နှက်တယ်ဆိုတာ သေဆုံးသူကိုယ်တိုင်ဝန်ခံထားပါတယ်။ ရိုက်နှက်ခံထား ရတာက နံရိုး ၄ ချောင်းကျိုးတယ်။ မျက်လုံးကလည်း ယောင်ကိုင်းပြီး တဖက်ပိတ်နေပြီ။ နားရွက်တ ဖက်ကလည်း ပြတ်နေတယ်။ ရင်ဘတ်၊ ခြေသလုံး၊ ခြေဖဝါးတွေမှာ ဒဏ်ရာတွေက မမြင်ရက်စရာပါ။ တချို့ဒဏ်ရာတွေက လောက်ကောင်တွေ ထိုးနေပြီ။ အခြေအနေမကောင်းမှ ဆေးရုံကို ပို့ပြီး မိသားစု ကို အကြောင်းကြားတာပါ၊” ဟု သေဆုံးသူ၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဖျာပုံဆေးရုံကို ရောက်ရှိပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရန် ပြင်ဆင်နေစဉ် ကိုဝင်း နိုင်ထွန်းမှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း၊ ထို့ကြောင့်ဖျာပုံမြို့နယ်၊ဒေါ်ငြိမ်းနယ်မြေ ရဲစခန်းက လူသတ်မှုဖြင့် အမှုဖွင့်ပြီး ကျားဖောင်ဦးစီး အောင်ဇော်ဦးအပါအဝင် ၂ ဦးကို ဖမ်းဆီးထား ကြောင်း သိရသည်။
သေဆုံးသူ ကိုဝင်းနိုင်ထွန်း အလုပ်လုပ်ရ သည့်ကျားဖောင်မှာ ရေမိုင် ၂၁ မိုင်ခန့်သာဝေးပြီး ၅ နာရီခန့် သာသွားရသည့်နေရာဖြစ်သော်လည်း အချိန်မီ ဆေးကုသပေးခြင်းမရှိသဖြင့် သေဆုံးသွားရခြင်းဖြစ် ကြောင်း၊ ထို့အပြင် ကျားဖောင်ပိုင်ရှင် ကျော်ဝင်းသိန်းမှာလည်း ကျားဖောင်ဦးစီး အောင်ဇော်ဦး ထောင်မကျစေရေးအတွက် ရဲ၊ မှုခင်းဆေးဆရာဝန်တို့ထံသို့ လာဘ်ငွေ ထိုးကာ သေမှုသေခင်းအဖြစ် ပြောင်းလဲနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။
“ဖောင်ရှင်ဘက်က ငွေနဲ့ကြေအေးဖို့ ပြောပေမယ့် နစ်နာသူမိသားစုက လက်မခံဘူး။ ကျန် ရစ်တဲ့ သား သမီး ၃ ယောက်ကတော့ သူတို့ အဖေ အခုလို အဖြစ်ဆိုးနဲ့ဆုံးသွားလို့ ယူကြုံးမရပါဘဲ။ ပြီးတော့ ရဲက စစ် ချက်ယူပြီး ရင်ခွဲရုံက ထွက်လာတဲ့အဖြေမှာတော့ ဆုံးပါးသွားတဲ့ ဦးဝင်းနိုင်ထွန်းဟာ အရိုက်ခံ ထားရတာကြောင့် နံရိုး ၄ ချောင်းကျိုးနေပြီး နှိပ်စက်ခံ ထားရတဲ့ အခြားဒဏ်ရာ တွေလည်း အများ အပြား ရှိနေတယ်လို့ ခွဲစိတ်ဆရာဝန်က ပြောတယ်။” ဟု သေဆုံးသူ၏ မိသားစုဝင်များနှင့် နီးစပ်သူ တစ်ဦးက ရှင်းပြသည်။







