22.3 C
Yangon

ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ဂိတ်တွင် ဗိုလ်ကြီးကျော်ဇင်အောင်က ပြည်သူများကို ဆန်နှင့်ဓာတ်ဆီ သယ်ဆောင်ခွင့်မပေးဘဲ ဖမ်းဆီး သိမ်းဆည်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ဂိတ်တွင် အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီးကျော်ဇင်အောင်က ပြည်သူများကို ဆန်နှင့်ဓာတ်ဆီ သယ်ဆောင်ခွင့်မပေးဘဲ ဖမ်းဆီး သိမ်းဆည်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလပိုင်းမှ စတင်ပြီး ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင် စစ်တောင်းတံတားဂိတ်တွင် အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး ကျော်ဇင်အောင်က ပြည်သူများ ဝယ်ယူလာသော ဆန်နှင့်ဓာတ်ဆီများ သယ်ဆောင်ခွင့်မပေးဘဲ ဖမ်းဆီး သိမ်းဆည်းနေကြောင်း၊ ထိုသို့ ဖမ်းဆီး သိမ်းဆည်းထားသော ကုန်ပစ္စည်းများကို ပြန်လည် ရောင်းချခြင်းများပါ လုပ်ဆောင်နေကြောင်း သိရသည်။

ထို့ပြင် ဗိုလ်ကြီး ကျော်ဇင်အောင်သည် ၎င်းတို့ သုံးစွဲသော မူးယစ်ဆေးဝါးများဖြင့်လည်း ပြည်သူများကို ထောင်ချောက်ဆင် ဖမ်းဆီးမှုများ လုပ်ဆောင်ကြောင်း၊ ထို့သို့ ဖမ်းဆီးပြီးလျှင် တစ်ဦးကို ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းကာ ငွေကြေးမပေးနိုင်သူများကို လူစားထိုး စစ်မှုထမ်း တပ်သားသစ်အဖြစ် ရောင်းစားကြောင်း သိရှိရသည်။

“ကျွဲရိုင်းပြင် စစ်တောင်းတံတားဂိတ်မှာ စစ်ခွေး ဗိုလ်ကြီးကျော်ဇင်အောင်နဲ့ အဖွဲ့က ပြည်သူတွေကို စစ်ဆေးရာမှာ သူတို့ရဲ့ မူးယစ်ဆေးဝါးတွေကို ပြည်သူတွေအိတ်ထဲကို ခိုးထည့်ပြီး ထောင်ချောက်ဆင် ဖမ်းဆီးငွေညှစ်ပါတယ်။ အဲဖမ်းပြီးရင် တစ်ဦးကို အနည်းဆုံး သိန်း ၁၀၀ အတင်းအဓမ္မ တောင်းခံပါတယ်။ သူတို့တောင်းတဲ့ ငွေမပေးနိုင်ရင် လူစားထိုး စစ်မှုထမ်း တပ်သားသစ်အဖြစ် ရောင်းစားတယ်။ နောက်ပြီး ပြည်သူတွေကိုလည်း ဆန်နဲ့ ဓါတ်ဆီတွေ မသယ်ခိုင်းဘဲ အတင်းဆွဲချဖမ်းဆီးတယ်။ အဲလိုဖမ်းဆီးထားတဲ့ ပစ္စည်းတွေကို သူတို့က ပြန်ရောင်းစားတယ်။ အဲလိုလုပ်နေတာ နေ့တိုင်းလိုလို လုပ်ဆောင်နေတာပါ။ ပြည်သူတွေလည်း သွားလာရတာအဆင်မပြေတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရေတာရှည်မြို့နယ် အတွင်း စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ အထိနာသောကြောင့် စစ်သားများက အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ နည်းမျိုးစုံ နှိပ်စက်လာခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article