27 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ကြံ့ဖွတ်ပါတီက စစ်တပ်ကိုယ်စားလှယ်တွေနှင့်ပူးပေါင်းပြီး အစိုးရဖွဲ့နိုင်တဲ့ လွှတ်တော်အမတ်အရေ အတွက် အနိုင်ရရှိထားပြီလို့ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ပါတီတွင်း အစည်း အဝေးတွေမှာ တရားဝင် ထုတ်ဖော်ပြောဆို ကြွေးကြော်နေတယ်လို့ ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့ကာကွယ်ရေး တပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်ကို အကြမ်းဖက် စစ်တပ်အရာရှိတွေ လာရောက်စစ်ဆေးနေချိန် လုံခြုံရေးကင်းယူ ပေးထား တဲ့ စစ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိ တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ဂိတ်မှာ အကြမ်းဖက် စစ်တပ်ရဲ့ ဗိုလ်ကြီးကျော်ဇင်အောင်က ပြည်သူတွေကို ဆန်နှင့်ဓာတ်ဆီ သယ်ဆောင်ခွင့်မပေးဘဲ ဖမ်းဆီး သိမ်းဆည်းနေတယ်လို့ ဒေသခံ ပြည်သူတွေ က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

အီရန်မှာ ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီ အမိန့်ထုတ်လိုက်ပြီး ဆန္ဒပြသူ ၃,၄၀၀ ကျော် သေဆုံးခဲ့ရမှုအတွက် အမေရိကန်သမ္မတ ထရန့်ကို အပြစ်တင်လိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article