By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အမေရိကန်သမ္မတထရမ့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ အာဆီယံနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့ပါဝင်မယ်လို့ ကြေညာလိုက်တာကြောင့် မြန်မာ့အရေးတင်ပြနိုင်တဲ့ အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်တယ်လို့ စင်ကာပူ Channel News Asia သတင်းဌာနက သုံးသပ်ဖော်ပြထားပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီမြို့တွင်းကနေ KNA တပ်တွေကိုထွက်ခွာဖို့ စစ်တပ်က အမိန့်ပေးတာဟာ ပြင်းထန်လွန်းတဲ့အမိန့်တစ်ခုဖြစ်ပြီး နှစ်ဖက်မကျေလည်မှုတွေ ဖြစ်နိုင်တယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ ၁ မှာ လောက်ကိုင် – ချင်းရွှေဟော် ဒုတိယအဆင့် လမ်းမကြီးကို MNDAA က ဖောက်လုပ်နေပြီး မကြာမီပြီးစီးတော့မှာဖြစ်တယ်လို့ MNDAA က တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။
အမေရိကန်မှာ ရွှေ့ပြောင်းအခြေချသူတွေနဲ့ ဒုက္ခသည်တွေကို နေ့စဉ်လိုလို အကြမ်းဖက်၊ မတရား ဆက်ဆံနေတာတွေ ရှိနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး အကြီးအကဲက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




