By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကုလသမဂ္ဂ ၊ အာဆီယံအပါအဝင် နိုင်ငံတကာအများစုက လက်မခံတဲ့ မြန်မာ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ စစ်တပ် လက်အောက်ခံ ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အမတ်နေရာ ၃၄၁ ခု အနိုင်ရရှိတဲ့အကြောင်းနဲ့ ကြံ့ဖွတ်အစိုးရသစ် ဖွဲ့ခွင့်ရရှိ သွားတယ်ဆိုပြီး ကြံ့ဖွတ်သတင်းရင်းမြစ်ကပြောထားသလို ၊ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ဆိုတဲ့အဖွဲ့ကပါ ထုတ်ပြန်ကြေညာနေပြန်ပါတယ်။
မြန်မာနိုင်ငံမှဦ စစ်တပ်က အာဏာသိမ်းမှု ၅ နှစ်ပြည့်လာတဲ့အချိန် မြန်မာ့အကျပ်အတည်း အခြေအနေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ ကုလအတွင်းရေးမှူးချုပ်က သတိပေး နေပြန်သလို ၊ မြန်မာစစ်တပ်က အကြမ်းဖက်မှုတွေနဲ့ သူတို့ အာဏာတည်မြဲဖို့ ကြိုးပမ်းနေတယ်ဆိုပြီးတော့ပါ ဝေဖန်ထောက်ပြသွားပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အင်အား ၁၀၀ ကျော် တပ်စွဲထားတဲ့ အကြမ်းစစ်တပ်ရဲ့ ကိုးထောင်ဘို့ရွာ အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
အမေရိကန်အစိုးရ အသုံးစရိတ်ဘတ်ဂျက်အတွက် ကွန်ကရက်ရဲ့ သဘောတူညီမှု အချိန်မီမရ တာကြောင့် အစိုးရလုပ်ငန်းအများစုဟာ အမေရိကန်စံတော်ချိန် ဇန်နဝါရီလ ၃၁ ရက်နေ့ မှာ ယာယီရပ်ဆိုင်းသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




