By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
– အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ လူမြင်ကွင်း မထွက်တာဟာ ၇ ရက်ရှိနေပြီဖြစ်ပြီး နေပြည်တော် ရောက်ရှိနေတဲ့ ရုရှားကိုယ်စားလှယ် အဖွဲ့ နှင့် တွေ့ဆုံဖို့ရှိတယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်း မြစ်က ပြောပါတယ်။
– နွေဦးတော်လှန်ရေးမှာ ပိုမိုညီညွတ်တဲ့ စုစည်းညီညွတ်မှု ပေါ်ပေါက်ဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ-NUCC က ကြိုးပမ်းသွားမယ်လို့ မနေ့က ကတိပြုလိုက်ပါတယ်။
– နိုင်ငံတကာမှာ ၅ နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ်တွေပြုလုပ်ခဲ့ပါတယ်။ အဲ့တာကတော့ ပြည်သူ့အာဏာ မတရားလုယူခံရတာဟာ ၅ နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဆန့်ကျင် ဆန္ဒပြသပိတ်တွေကို ပြည်ပနိုင်ငံအသီးသီးမှာရောက်ရှိနေတဲ့ ပြည်သူတွေက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
– ကျူးဘားနိုင်ငံမှာ လျှပ်စစ်မီးတွေ အကြီးအကျယ် ပြတ်တောက်နေချိန် အမေရိကန် သမ္မတ ထရန့်က ကျူးဘားကို ရေနံရောင်းတဲ့ ဘယ်နိုင်ငံကိုမဆို အခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်လိုက်တာကြောင့် ကျူးဘားပြည်သူတွေ ဒေါသထွက်ပြီး စိုးရိမ်နေကြတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




