26 C
Yangon

ကျောက်ပန်းတောင်းနှင့် ဆားလင်းကြီးတို့တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Ayar Daungအဖွဲ့မှ တာ၀န်ရှိသူကိုရှိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ ကျောက်ပန်းတောင်းမြို့နယ် ဘုရားကြီးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၃၀၀ ခန့်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲဖြစ်ပွားချိန်မှာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး၊အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ တော် လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေး အင်အား ၃၀၀ ပါ။ စစ်ခွေး ဘက်ကတော့ စစ်ခွေး ၆ ဦးသေဆုံးတယ်။ လက်နက် ခဲယမ်းသိမ်းဆည်းရမိတာမျိုးမရှိဘူး။ ကြားဖြတ်တိုက်ရတာဆိုတော့ အင်အားချင်းမယှဉ်နိုင်လို့ တိုက်ပွဲတောင် မိနစ်၃၀ ပဲ တိုက်ရတာပါ”ဟု Ayar Daung အဖွဲ့၏ ကိုရှိန်း ကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင်ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မဟာမိတ် ပူးပေါင်း အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ယန်စီကုမ္ပဏီမှထွက်လာသော အကြမ်းဖက် စစ် တပ် စစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့ မှ တာဝန်ခံ ကိုဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ ဆားလင်းကြီးမြို့နယ် ယန်စီကုမ္ပဏီမှထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး အင်အားက တော့ ၁၀၀ကျော်လောက်ရှိမယ်။ စစ်ခွေး စစ်ကြောင်းက ယင်းမာပင်ဘက်ကို ရိက္ခာသွားမယ်လို့ ကြားလို့ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်ပြီးတော့ ဒီကောင်တွေ နောက်ပြန်ခေါက်သွားတယ်။ ယန်စီ ကုမ္ပဏီထဲကိုပဲ ပြန်ဝင်သွားတယ်။ စစ်ခွေး သေစာရင်းကတော့ ခန့်မှန်းခြေ ၄ကောင်သေဆုံးတယ်လို့ သိရတယ်။ စစ်ခွေးဘက်က လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးတော့ မရှိဘူး။ ထိတွေ့မှု ဖြစ်ခဲ့တဲ့နေရာကတော့ ယင်းမာပင်မြို့နဲ့ ယန်စီကုမ္ပဏီ ကြားထဲက တစ်နေရာမှာ ထိတွေ့မှုဖြစ်ခဲ့တာပါ”ဟု ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့ မှ တာဝန်ခံ ကိုဖြိုးကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို S.R.Aရဲဘော်များ မျိုးဆက်သစ်လူငယ်များ တော်လှန်ပြောက် ကျားရဲဘော်များ ကျားဆိုးများအဖွဲ့မှ ရဲဘော်များနှင့် ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့မှ ရဲဘော်များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်းသိရှိရသည်။

ဓာတ်ပုံ- တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော အကြမ်းဖက်စစ်တပ်မှ တပ်သားတချို့။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article