26 C
Yangon

ဖလမ်းမြို့သို့ စစ်ကြောင်းထိုးနေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ချင်းတော်လှန်ရေး စုပေါင်းတပ်များက ၀င်ရောက် တိုက်ခိုက်ရာ စစ်သား ၃၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း CNA ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဖလမ်းမြို့ကို စစ်ကြောင်းထိုးရန် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၃ ခုကို CNA အပါအဝင် ချင်းတောလှန်ရေးစုပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ လက်နက်မျိုးစုံ ၃၀ နီးပါး၊ ကျည်ဘောက်များနှင့် ခဲယမ်း အမြောက်အများလည်း သိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲအတွင်း တပ်ပျက်၍ ဆုတ်ခွာသွားနေသော စစ်သားများကိုလည်း လိုက်လံ တိုက်ခိုက်နေကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ CNA ဦးဆောင်အဖွဲ့က ဖလမ်းမြို့ကို စစ်ကြောင်း ၃ ကြောင်းနဲ့ လာထိုးတဲ့ စစ်ခွေးတွေကို ထိုးစစ်ဆင် တိုက်ခိုက်တာ အဲဒါ လက်နက်ခဲယမ်းတွေ ဒီနေ့မှာ သိမ်းဆည်းရရှိတယ်။ စစ်ခွေးဘက်က ၃၀ လောက်ကျတယ်။ ၂၀ ကျော်လည်း ဒဏ်ရာရတယ်” ဟု CNA ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ဖလမ်းမြို့သို့ စစ်ကြောင်းထိုးရန် ကလေး-သိုင်းငင်း လမ်းပိုင်းမှ စစ်ယာဉ်တန်းဖြင့် လာရောက်သော အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းကို ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်ပြီး ချင်းအမျိုးသားတပ်ဦးအပါအ၀င် ချင်းတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုက ဗာလုံနှင့် ဇောင်းလိရွာအကြားတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

ဓာတ်ပုံ-VOC ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article