26 C
Yangon

ထိုင်းနိုင်ငံ အယုဒ္ဓယရှိ ကားအပိုပစ္စည်း စက်ရုံတစ်ခုတွင် အကြောင်းမဲ့ အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၁၈ ဦးကို ၈ လကျော်သည်အထိ အလုပ်ရှင်မှ နစ်နာကြေးပေးဆောင်ခြင်းမရှိ၍ တရားစွဲရန် ပြင်ဆင်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ထိုင်းနိုင်ငံ အယုဒ္ဓယရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုတွင် အကြောင်းမဲ့ အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၁၈ ဦးကို ၈ လကျော်သည်အထိ အလုပ်ရှင်မှ နစ်နာကြေးပေးဆောင်ခြင်းမရှိ၍ တရားစွဲရန် ပြင်ဆင်နေကြောင်း အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် MHAC မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

၂၀၂၅ ခုနှစ် မေလ ၂၀ ရက်နေ့တွင် မြန်မာလုပ်သား ၁၈ ဦးသည် အလုပ်မှ မတရား ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်ပြီး အဆိုပါ ဖြစ်စဉ်အတွက် ကူညီဆောင်ရွက်ပေးရာတွင် နယ်မြေခံရုံးမှလည်း အမိန့်စာထုတ်ပေးပြီးသည့်အပြင် အလုပ်ရှင်ဘက်မှာလည်း နစ်နာကြေးပေးဆောင်ရမည့် သတ်မှတ်အချိန်ကာလ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိရှိရသည်။

“သူတို့ရဲ့ ဖြစ်စဥ်က စဝါဒီကန်ကအမိန့်စာလည်းထုတ်ပြီးပြီ လုပ်ငန်းရှင်ဘက်ကို အချိန်ကာလက ပြီးသွားပြီ ဒါတောင်လုပ်ငန်းရှင်ဘက်က လုပ်သားတွေကိုတာဝန်မယူသေးတော့ တရားဥပဒေရဲ့လုပ်ငန်းစဥ်အတိုင်း စဝါဒီကန်ရုံးဘက်ကနေ တရားဆွဲဖို့အတွက် ထိထိရောက်ရောက် ပြင်ဆင်နေပါတယ်” ဟု MHAC မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ အမှုအတွက် အယုဒ္ဓယစဝါဒီကန်ရုံးတွင် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဆက်လက်လုပ်ဆောင်နေပြီး အလုပ်သမားများ နစ်နာကြေးရရှိသည့်အတွက် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article