26 C
Yangon

ရေးနှင့် ထားဝယ်မြို့နယ် တို့တွင် စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာ အခြေစိုက် ခမရ ၅၉၁ တပ်ရင်းကို လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း ရေးပြောက်ကျားတပ် YGF အမှတ်(၈၀၀၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရေးမြို့နယ် ကျောင်းရွာကျေးရွာအခြေစိုက် ခမရ ၅၉၁ တပ်ရင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်သည် ကျောင်းရွာဘုန်းကြီးကျောင်း၌ ဘုန်းကြီးပျံပွဲ လာရောက်သည့် ပြည်သူများကို စစ်တပ်က ဖမ်းဆီးပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

“စစ်ခွေး အင်အား ဘယ်လောက်ရှိတယ်ဆိုတာကတော့ အတိအကျတော့ ပြောလို့မရဘူး။ စစ်ခွေးတွေဘက်ကတော့ ၄ ဦး သေဆုံးမှုရှိတယ်။ လက်နက်ကြီး ၃ လုံး၊ လက်နက်ငယ် တွေနဲ့လည်း ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ ဒီထက်ကောင်းတဲ့ စစ်ဆင်ရေးမျိုးကို ဆက်လက်လုပ်ဆောင်သွားပါ့မယ် ” ဟု ရေးပြောက်ကျားတပ် YGF အမှတ်(၈၀၀၁)တပ်ရင်းမှတာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို KNLA တပ်ရင်း (၂၇) ၊ RMA ရာမညမွန်တပ်တော် နှင့် YGFအမှတ် (၈၀၀၁) တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ၌ ယာယီတပ်စွဲနေသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း က္လားသစ္ဏတ်တပ်ဖွဲ့နှင့် ဘီလုံးပြောက်ကျားတပ်ဖွဲ့ ပူးပေါင်း စစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ၌ ယာယီတပ်စွဲထားသော အင်အား ၁၀၀ ခန့်ရှိသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ပွဲသည် ၁ ရက်တာ ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် စစ်ကြောင်း အထိနာကာ ထားဝယ်တပ်နယ် (သပြေချောင်းရွာ) ဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေးတွေက လက်နက်ခဲယမ်းတွေကို သူတို့ ဆုတ်ခွာချိန်မှာ ပြန်ယူသွားလို့ ကျနော်တို့ မသိမ်းနိုင်ခဲ့ဘူး။ အဲစစ်ဆင်ရေးက ရန်ကုန် -ထားဝယ် အမှတ် ၈ လမ်းပိုင်း စိုးမိုးရေး အတွက် လုပ်ဆောင်ခဲ့တာပါ။ ရွာလယ်မှာ ယာယီလာတပ်စွဲတဲ့ စစ်ကြောင်းကို တိုက်ခိုက်တာပါ။ အမှတ်(၈)လမ်းစိုးမိုးရေး စစ်ဆင်ရေးတွေ ထပ်လုပ်ဖို့ရှိပါတယ်” ဟု က္လားသစ္ဏတ်တပ်ဖွဲ့နှင့် ဘီလုံးပြောက်ကျားတပ်ဖွဲ့ ပူးပေါင်း စစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA) ၏ ဒူရက စစ်ကြောင်း၊ KNLA B-12ခွဲ(၅)၊ က္ကားသစ္စတ်တပ်ဖွဲ့၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့ (LGF)၊ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF)၊ ဒေါနတပ်ခွဲ(၇)နှင့် အရှေ့တောစင်္ကြာစစ် ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article