26 C
Yangon

ဖားကန့်မြို့နယ်၊ ထုံးဘိုကျေးရွာ၊ ရွှေဂေါင်ဂေါင်ဆုတောင်းကုန်းတွင် တိုက်ပွဲဆက်လက် ပြင်းထန်နေ ပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ထုံးဘိုကျေးရွာ ၊ ရွှေဂေါင်ဂေါင်ဆုတောင်းကုန်းတွင်တိုက်ပွဲဆက် လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဖားကန့်သတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်‌ နောက်ကျော၊ ထုံးဘိုကျေးရွာ၊ ရွှေဂေါင်ဂေါင်ဆုတောင်းကုန်း၌ အကြမ်းဖက်စစ်တပ်နှင့် KIA ဦး ဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်နေစဉ် အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ ဗုံးကျဲတိုက်ခိုက်ပြီးနောက် တိုက်ပွဲမှာ ပိုမိုပြင်းထန်လာကြောင်း သိရသည်။

“လက်ရှိအထိ တိုက်ပွဲကတော့ တောက်လျှောက်ဖြစ်နေတာ။ ခဏတဖြုတ်နားတယ်၊ ပြီးရင်ပြန်ဖြစ် တယ်။အဲလိုအနေအထားပေါ့၊ ဒီနေ့မနက်တော့ ၈ နာရီခွဲလောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၁ လုံးကျဲ သွားတယ်။ ဗုံးကတော့ ဘာအမျိုးအစားလည်း မသိရဘူး။ စစ်မြေပြင်ဘက်အခြမ်းမှာပဲ ကျဲသွားတာ။ ဆုတောင်းကုန်းလို့ သိရတယ်။ စစ်ကြောင်းက ထုံးဘိုကျေးရွာကို ဦးတည်နေတာ၊ မရှီကထောင်ရပ် ကွက် နောက်ကျောပေါ့။ အခုလည်း ထုံးဘိုကျေးရွာနားက ရွှေဂေါင်ဂေါင်ဆုတောင်းကုန်းကို ကျဲသွား တာ။ လက်ရှိ လည်းတိုက်ပွဲကတောက်လျှောက်ဖြစ်နေတာ။ လက်နက်အကြီးသံတွေရော၊ အသေးသံ တွေရော အစုံပဲ ကြားနေရတယ်။ လေယာဉ်ကျဲပြီးနောက်ပိုင်း ပိုပြီးတော့ ပြင်းပြင်းထန်ထန်ဖြစ်နေ တယ်။” ဟ ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က အဆိုပါ ရွှေဂေါင်ဂေါင် ဆုတောင်းကုန်းနေရာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စစ်ကြောင်း ထိုးကာ ဝင်ရောက်တပ်စွဲခဲ့သဖြင့် KIA ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက် နေခြင်းဖြစ်ပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နေ့က တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ် ခမရ ၃၈၁ တပ်ရင်းမှ တပ်ခွဲမှူ ဗိုလ်မှူး ဇာနည်အောင်နှင့် စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂ ရက်နေ့က ခမရ ၃၈၁ တပ်ရင်းမှ စစ်မှုထမ်းတပ်သား တစ်ဦး လက်နက် ခဲ ယမ်းများနှင့်အတူ ထွက်ပြေးလာပြီး KIA ၊ KPDF တပ်ဖွဲ့ထံ အလင်းဝင်ခဲ့ကြောင်း၊ အလားတူ ယမန် နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ခမရ ၃၈၁ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၅ ဦး ထပ်မံထွက် ပြေးလာပြီး KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အထိနာနေသော အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူ လူထုကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဖားကန့်မြို့၊ ကာလီ ချောင်းအနီး လူနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲကာ အသက် ၇ နှစ်အရွယ် မောင်အောင် တည်ကြည်ဖြူနှင့် အသက် ၁၃ နှစ်အရွယ် မောင်ဆွတ်ဂျာအောင်တို့ သေဆုံးခဲ့ပြီး အသက် ၃ နှစ်အ ရွယ် ယောက်ျားလေးတစ်ဦး၊ အသက် ၁၁ နှစ်အောက် မိန်းကလေး ၄ ဦး အပါအဝင် ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article