26 C
Yangon

မင်းအောင်လှိုင်က ဖွဲ့စည်းမည့် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး ဖြစ်၍ လက်မခံကြရန် မြန်မာနိုင်ငံရှေ့နေများကောင်စီက ကြေညာတိုက်တွန်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

အကြမ်းဖက် မင်းအောင်လှိုင်က ဖွဲ့စည်းမည့် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီမှာ စစ်အာဏာရှင်စနစ် သက် ဆိုးရှည်စေရေး အစီအမံဖြစ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လက်မခံကြရန်လိုအပ်ကြောင်း မြန်မာနိုင်ငံရှေ့ နေများကောင်စီက ယနေ့ ကြေညာချက်ထုတ်ပြန်တိုက်တွန်းသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင် သော အမျိုး သားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေ” ကို ထုတ်ပြန်ထားကြောင်း ၊ ယင်းထုတ်ပြန်မှုတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက နိုင်ငံတော် သမ္မတကို “ပြည် ထောင်စုအတိုင်ပင်ခံကောင်စီ” ဖွဲ့စည်းရန် ခိုင်းစေထားကြောင်း သိရ သည်။

“ကျနော်တို့မြင်တာက ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဆိုတာ အရင်ကရှိခဲ့တာမှ မဟုတ်တာကိုး။ အဲဒါကိုဖွဲ့စည်းဖို့ဆိုပြီး အကောင်အထည်ဖော်ဖို့ကြိုးပမ်းတာ။အရင်တုန်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံဆိုပြီး ထည့်ပြီးတော့ ဒီတာဝန်ကို ပေးတဲ့အခါမှာ နိုင်ငံတော်အတိုင်ပင်ခံကသမ္မတထက်တောင် မြင့်နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့က ယူဆကောင်းယူဆမှာပေါ့။ အဲဒီစဉ်းစားချက်အခြေခံကနေပြီးတော့ အခုလည်းပဲ မင်းအောင် လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဆိုတာကကို စဉ်းစားလာတဲ့သဘောလို့မြင်ရတယ်။ အဲဒီ လို စဉ်းစားလာတယ်ဆိုတဲ့ ဥစ္စာက စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီလို့ လူထုတစ်ရပ်လုံးက‌ တောင်း ဆို နေတဲ့အချိန်မှာ အဲဒါတွေကို ကျော်လွှားပြီးတော့ အဲဒီကိစ္စတွေကို မျက်ကွယ်ပြုပြီးတော့ ပြည် ထောင်စု အတိုင်ပင်ခံကောင်စီဆိုတာကို ရအောင်ဖွဲ့စည်းပြီးတဲ့အခါမှာ အဲဒီပေါ်မှာ စစ်တပ်က ထိုင် ပြီးတော့ အမြဲတမ်းပေါ့၊ ပြီးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျနော်တို့လက်မခံခဲ့တာက လည်း အဲဒါပဲ။” ဟု မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းအောင် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

“ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ”သည် ပြည်ထောင်စု၏ လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးဆိုင် ရာ ကိစ္စရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင် ရာကိစ္စရပ်များ၊ ဥပ ဒေပြဌာန်းရေးဆိုင်ရာ ကိစ္စရပ်များကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက် ခြင်း တာဝန်များကို အပ်နှင်းထားကြောင်း မင်းအောင်လှိုင်၏ အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ညှိနှိုင်းဆောင်ရွက်ခြင်း” ဆိုသော စကားရပ်သည် မြန်မာနိုင်ငံ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးတို့၌ အတိုင်းအဆမရှိ ဝင်ရောက်စွက်ဖက်ခြင်းကို ခွင့်ပြုထား သည်ဟု မှတ်ယူရမည်ဖြစ် သ ဖြင့် ယင်းဥပဒေသည် မြန်မာနိုင်ငံသားအားလုံး၏ အချုပ်အခြာ အာဏာကို စစ်တပ်အပါအဝင် (တဦး၊ တယောက်/ တသင်းတဖွဲ့) ထံသို့ အပြီးအပိုင် အပ်နှင်း လိုက်သည့် ရာသက်ပန် စစ်အာဏာရှင်စနစ် ကြီးစိုးရေးကို ဦးတည်သည့် လုပ်ရပ် ဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့ နေများကောင်စီက သုံးသပ်ထား သည်။

မြန်မာနိုင်ငံ၏ အနာဂတ်ကာလ ရွေးကောက်ပွဲများမှ ပေါ်ပေါက်လာမည့် လွှတ်တော် များ၊ အစိုးရ များ၊ တရား စီရင်ရေးအဖွဲ့အစည်းများအားလုံးကို “ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီ” က ဝင် ရောက်စွက်ဖက်ခွင့်၊ လွှမ်းမိုးချုပ်ကိုင်ခွင့်၊ ထိန်းချုပ်ခွင့် ရယူလိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားအားလုံး၏ အချုပ်အခြာအာဏာ သည် “စစ်အုပ်ချုပ်ရေးစနစ်၏ စည်းမျဥ်းခံ” အဆင့်သို့ရောက်ရှိသွားကြောင်း၊ ထို့ကြောင့် မည်သည့်အခါတွင်မျှ ဖက်ဒရယ် ဒီမိုကရေ စီ ရှင်သန်ကြီးထွားတော့မည်မဟုတ်ပါကြောင်းနှင့် နောင်ခေတ်အဆက် ဆက် အာဏာရှင်စနစ်သက် ဆိုး ရှည်စေမည့် အစီအမံလုပ်ရပ်ဖြစ်ကြောင်း သုံးမြန်မာနိုင်ငံရှေ့နေများ ကောင်စီက ထုတ်ပြန်ထား သည်။

“ဒီပြည်ထောင်စုအတိုင်ပင်ခံကောင်စီဆိုတာ ဖွဲ့ပြီး ဒီနိုင်ငံရဲ့ အုပ်ချုပ်ရေးတွေ၊ တရားဥပဒေစိုးမိုးမှု ဆိုင်ရာ ကိစ္စတွေ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ အကုန်လုံး ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေအပါအဝင်ပေါ့၊ အရာအားလုံးကို သူတို့ကနေပြီးတော့မှ စွက်ဖက်ခြယ်လှယ်ချုပ်ကိုင်ခွင့်ကို သူတို့ရဖို့အတွက် ဒီအစီအစဉ်ကိုစီစဉ်တာလို့ ကျနော်တို့ အဲဒီလို မြင်တယ်။ အဲဒါဆိုရင် ကျနော်တို့ ဒီနေ့လူထုလိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်က ဘယ်လိုမှ ရှင်သန်နိုင်မှာမဟုတ်ဘူး။ လက်တွေ့ကျတဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုတွေလည်း ဘယ်လိုမှ လုပ်နိုင်မှာမဟုတ်ဘူး။ ဒါက စစ်ပဒေသရာဇ်စနစ် သက်ဆိုးရှည်ဖို့အတွက် စတင်တဲ့အစီအမံတစ်ခုလို့ပဲ ကျနော်တို့မြင်တယ်။ ဒါကို ကျနော်တို့နိုင်ငံက တိုင်းရင်းပေါင်းစုံ ပြည်သူလူထု အကုန်လုံးကို သိစေချင်တယ်။ ဒါက ဥပဒေ မဟုတ်ပေမယ့် သူတို့က လူထုကနေ ရွေးချယ်တင်မြှောက်ထားတဲ့ သူတွေမဟုတ်ဘူး။ လက်နက်နဲ့ တိုင်းပြည်ကို အနိုင်ကျင့်ပြီးတော့ အဓမ္မအာဏာယူထားတဲ့ သူတွေဖြစ်တဲ့အတွက် သူတို့လုပ်ချင်ရာ လုပ်ဖို့ အခွင့်အလမ်းတွေကို လမ်းဖွင့်နိုင်ဖို့အတွက် ပြင်ဆင်တဲ့ ပြင်ဆင်မှုတရပ်လို့ပဲ နားလည်တယ်။” ဟု မြန်မာနိုင်ငံရှေ့နေများ ကောင်စီ အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းအောင်က ဆက်လက် ရှင်းပြသည်။

မင်းအောင်လှိုင်က ဖွဲ့စည်းမည့် ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီတွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်းကို ပါဝင် ဖွဲ့စည်းရမည်ဟု ပြဌာန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article