26 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် အမေရိကန်အစိုးရရဲ့ ၂၀၂၆ ဘဏ္ဍာရေးနှစ် အသုံးစရိတ် ဥပဒေကို လက်မှတ်ရေးထိုး အတည် ပြုလိုက်ပြီဖြစ်တာကြောင့် မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးရေး အစီအစဉ်ဟာလည်း တရားဝင် အသက်ဝင်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

NUCC နဲ့ NUG ကို အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာတဲ့အချိန်မှာ ဖျက်သိမ်းကြောင်း ကြေညာသွားမယ်လို့ NUCC ရဲ့ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

-ကချင်ပြည်နယ်မိုးညှင်းမြို့နယ် ၊ အင်းတော်ကြီးဒေသမှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ဟဲပါးကျေးရွာ တပ်စခန်းကို KIA/KPDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိသွားပြီး ၊ စစ်သုံ့ပန်းတချို့ကိုပါ လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

အမေရိကန်အနေနဲ့ ဂရင်းလန်းကျွန်း ပေါ်မှာ လက်နက်စနစ်တွေ တပ်ဖြန့်ဖို့ ကြိုးပမ်းလာမယ်ဆိုရင် ရုရှားနိုင်ငံအနေနဲ့ စစ်ရေးအရ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားဖို့ အသင့်ရှိနေတယ်လို့ ရုရှား နိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး က ဒီကနေ့မှာပဲ သတိပေးလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article