34 C
Yangon

ရေဖြူတွင် စစ်ကြောင်းထိုးခဲ့သော စစ်တပ်က ကလေးငယ် ၁ ဦးနှင့် မိခင်ဖြစ်သူကို ပစ်သတ်၊ မြိုင်တွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် မိခင်ဖြစ်သူကို ပစ်သတ်ခဲ့ကြောင်း က္လားသစ္ဏတ်တပ်ဖွဲ့နှင့် ဘီလုံးပြောက်ကျားတပ်ဖွဲ့ ပူးပေါင်း စစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာနှင့် ညှင်းထွေးကျေးရွာအကြားရှိ အမှတ် ၈ ပြည်ထောင်စုလမ်းဘေး သဲကုန်းဝိပဿနာရိပ်သာတွင် ယာယီတပ်စွဲထားခဲ့သော အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းက အသက် ၁ နှစ်အရွယ်ကလေးငယ် ၁ ဦးနှင့် မိခင်းဖြစ်သူ အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦးကို ပစ်သတ်ခဲ့ကြောင်း၊

ထို့ပြင် စစ်တပ်က စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခဲ့သော ပြည်သူ ၁၀ ဦးကျော်ထဲမှ ၆ ဦးကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အရာရှိ ၁ ဦး နှင့် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့က နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်သားများ ပစ်သတ်ခဲ့သည့် သားအမိ ၂ ဦး၏ ရုပ်အလောင်းကို တွေ့ရှိကာ မီးသဂြိုလ်ပေးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ သတ်ဖြတ်သွားတာက သားအမိတွေပါ။ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီး ၁ ဦးရယ်၊ သားဖြစ်သူ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်လေးကို စစ်ခွေးတွေက ပစ်သတ်သွားတာ။ နောက်ပြီး ပြည်သူ ၁၀ ဦးကျော်ကိုလည်း စစ်ခွေးတွေက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတာ ။ အဲဒါက ၆ ဦးကိုပဲ ကျနော်တို့ ကယ်ထုတ်နိုင်ခဲ့တယ်။ စစ်ခွေးတွေ ဖမ်းဆီးသွားတဲ့ ပြည်သူ ၁၀ ဦးကျော်က ဇီးကျကျေးရွာနဲ့ ညှင်းထွေးကျေးရွာက ပြည်သူတွေပါ။ စစ်ခွေးတွေက ဘုရားမဲခွေးစစ်ဆေးရေးဂိတ်ဘက်ကို ပြန်ဆုတ်သွားတယ်” ဟု က္လားသစ္ဏတ်တပ်ဖွဲ့နှင့် ဘီလုံးပြောက်ကျားတပ်ဖွဲ့ ပူးပေါင်း စစ်ကြောင်းမှ တာဝန်ရှိသူကပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြောက်ဆည်ရွာအနီးကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းနှင့် ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က မြောက်ဆည်ရွာအနီးသို့ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ်ကတော့ ၂ လုံး ပျက်စီးသွားတယ်။ ကျေးရွာနေ ပြည်သူတွေကတော့ ထွက်ပြေး တိမ်းရှောင်နေရတယ်။ ပြည်သူများ အနေနဲ့ စစ်ကြောင်းနဲ့ လေကြောင်း အန္တရာယ်တို့ကို သတိထားနေထိုင်ဖို့ ပြောချင်ပါတယ် ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article